လူမဲ့မောင်းသူမဲ့ကားတွေ စမ်းသပ်ဖို့အခွင့်အလမ်းတစ်ခုပါပဲ
Nyein Min Wai

အမေရိကန်မှ မောင်းသူမဲ့ကားကုမ္ပဏီတွေအနေနဲ့လာမယ့် ဇူလိုင် ၁ ရက်နေ့က စပြီး လူမဲ့ကား စမ်းသပ်မှုကို ဖလော်ရီဒါမှာ ပြုလုပ်နိုင်တော့မှာပါ။


         ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတီးစ်ဟာ အရန်ယာဉ်မောင်း မပါဘဲ အလိုအလျောက်ကားတွေကို ပြည်နယ်အတွင်း စမ်းသပ်ခွင့်ပြုမယ့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့Engadget သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဥပဒေဟာ မောင်းသူမဲ့ကားအတွင်း လိုက်ပါစဉ် ဖုန်းသုံးတာ ၊ ရုပ်ရှင်ကြည့်တာတွေကိုပါ ခွင့်ပြုထားပါတယ်။

Photo: Engadget

         အုပ်ချုပ်ရေးမှူး ဒီဆန်တီးစ်ကတော့ ဒီဥပဒေဟာ မောင်းသူမဲ့ကားတွေ တည်ဆောက်စမ်းသပ်မယ့် ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်မယ်လို့မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ ဒီဆန်တီးနဲ့ပြည်နယ်အမတ်တွေကတော့ ဖလော်ရီဒါဟာ မောင်းသူမဲ့ကားတွေ ပေါ်လာတာနဲ့အဆင်သင့်ဖြစ်နေတဲ့ ပြည်နယ်ဖြစ်ကြောင်း ပြချင်တယ်လို့ဆိုပါတယ်။

         "ကုမ္ပဏီတွေ ( မောင်းသူမဲ့ကား) ဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့သူတို့ရဲ့ ကားတွေဟာ ကျွန်တော်တို့လမ်းတွေပေါ်မှာ စမ်းသပ်နိုင်တော့မှာပါ။ " လို့ဖလော်ရီဒါ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဂျေဆင်ဖစ်ချာက ပြောပါတယ်။ ပြည်နယ်ဥပဒေပြုရေး နိုင်ငံတော်ကွန်ဖရင့်အရ အမေရိကန် ၂၉ ပြည်နယ်မှာ မောင်းသူမဲ့ကားတွေနဲ့ဆက်စပ်တဲ့ ဥပဒေတွေ ခွင့်ပြုထားတယ်လို့ဆိုပါတယ်။

         မစ်ရှီဂန်နဲ့တက္ကဆက်ပြည်နယ်နှစ်ခုဟာလည်း ဖလော်ရီဒါလိုပဲ လူလိုက်ပါခြင်း မရှိဘဲ မောင်းသူမဲ့ကား စမ်းသပ်မှုကို ခွင့်ပြုထားပါတယ်။ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ မောင်းသူမဲ့ကားလုပ်ငန်း Waymo ဟာ ဖီးနစ်မြို့ပေါ်မှာ ယာဉ်မောင်းမပါတဲ့ မောင်းသူမဲ့ယာဉ်စမ်းသပ်မှု လုပ်ဆောင်ထားပါတယ်။ တစ်ဘက်မှာလည်း မောင်းသူမဲ့ကားတွေရဲ့ လုံခြုံရေးပိုင်းဟာ မေးခွန်းထုတ်စရာများ ရှိနေပါတယ်။

Photo: futurecar

         ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ Uber ရဲ့ မောင်းသူမဲ့ကားဟာ အရီဇိုးနားပြည်နယ် တန်ပီမြို့မှာ စမ်းသပ်စဉ် လမ်းကူးသူ အမျိုးသမီးတစ်ဦးကို တိုက်မိတာကြောင့် လူသေမှု ဖြစ်ပွားခဲ့ပါတယ်။ Waymo ရဲ့ မောင်းသူမဲ့ မီနီဗင်ကားလည်း အရီဇိုးနားပြည်နယ် ချန်ဒလားမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအတွင်း ပါဝင်ခဲ့ပါတယ်။


Author


က္က