အစီအစဉ်အတိုင်း လိုက်သိမ်းနေတာပါ

     အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ တရုတ်မှာ ရောင်းချနေတဲ့ Tesla ကားပေါင်း ၁၄၁၂၃ စင်းကို ဈေးကွက်ကနေ ပြန်သိမ်းဆည်းနေတယ်လို့ဆိုပါတယ်။



Photo: RT 

        Tesla ကားတွေကို ပြန်သိမ်းဆည်းရတဲ့ အကြောင်းအရင်းကတော့ ဂျပန်ကုမ္ပဏီ Takata က ထုတ်ထားတဲ့ ချို့ယွင်းချက်ရှိတဲ့ လေအိတ်စနစ်တွေကြောင့်လို့ထုတ်ပြန်ထားပါတယ်။ Model S ကားတွေမှာ ပါတဲ့ ဒီလေအိတ်တွေကို ထုတ်လုပ်တဲ့ Takata ဟာ ၂၀၁၇ ခုနှစ်ထဲမှာ ဒေဝါလီခံသွားတဲ့ လေအိတ်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ဒီကုမ္ပဏီထုတ် လေအိတ်တွေကြောင့် ၂၀၁၃ ခုနှစ်ထဲမှာ လေအိတ်မပွင့်ဘဲ အသက်သေဆုံးရတဲ့ မတော်တဆမှုများ ရှိခဲ့တယ်လို့ဆိုပါတယ်။

         Takata ဈေးကွက်ကနေ ထွက်သွားခဲ့ပေမယ့် ၂၀၁၄ ဖေဖော်ဝါရီကနေ ၂၀၁၆ ဒီဇင်ဘာလအတွင်း ထုတ်ခဲ့တဲ့ Model S ကားတွေမှာတော့ ဒီလေအိတ်တွေကို သုံးထားခဲ့တာဖြစ်ပါတယ်။ Tesla အနေနဲ့ တရုတ်ဈေးကွက်ထဲရောက်နေတဲ့ ဒီမော်ဒယ်တွေကို လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ ပြန်လည် သိမ်းဆည်းသွားမယ်လို့ဈေးကွက်ထိန်းချုပ်ရေးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

         ယခုသိမ်းဆည်းမှုဟာ အမေရိကန်အမျိုးသား အဝေးပြေး ယာဉ်ဘေးကင်းရေး အုပ်ချုပ်မှု အဖွဲ့အစည်းရဲ့ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပြန်သိမ်းဆည်းတာထဲက တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

         " ဒီအစီအစဉ်အရ ၂၀၁၂ Model S ကားတွေ ဈေးကွက်က သိမ်းတာ ၂၀၁၇ မှာ စတင်ခဲ့ပါတယ်။ နောက် ၂၀၁၃ မော်ဒယ်တွေကို ၂၀၁၈ အထိ သိမ်းဆည်းဖို့အချိန်ထပ်ယူပါတယ်။ အခုဆို ၂၀၁၄ ကနေ ၂၀၁၆ မော်ဒယ် Tesla Model S ကားတွေကို ဆက်ပြီး သိမ်းဆည်းနေတာ ဖြစ်ပါတယ်။" လို့ဆိုပါတယ်။

         လက်ရှိ ဈေးကွက်ထဲမှာ Takata ထုတ် လေအိတ်တွေကို အသုံးပြုနေတဲ့ ကားပေါင်း ၃၇ သန်း ခန့်ရှိပြီး ဒီထဲမှာ Toyota နဲ့Ford တို့လည်း ပါဝင်နေတယ်လို့ဆိုပါတယ်။ Tesla အနေနဲ့ဈေးကွက်က သိမ်းဆည်းထားတဲ့ Model S တွေမှာ လေအိတ်သစ်နဲ့အစားထိုးသွားမှာ ဖြစ်သလို ချို့ယွင်းချက်ရှိတဲ့ အစိတ်အပိုင်းတွေကိုလည်း အစားထိုး လဲလှယ်သွားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က