တရုတ်နိုင်ငံဟာ Apple ရဲ့ အကြီးဆုံး ဈေးကွက်တစ်ခုပါ
Nyein Min Wai

တရုတ်နိုင်ငံပိုင် သတင်းမီဒီယာကနေ တစ်ဆင့် ဖိအားပေးခံရပြီးနောက် Apple ဟာ ယင်းရဲ့ App Store ပေါ်မှာ ထီနဲ့လောင်းကစား app ပေါင်း ၂ သောင်းခွဲကျော်ကို ဖြုတ်ချခဲ့ပါတယ်။



im-22742.jpg

Photo: Wall Street Journal

 

"လောင်းကစား apps တွေဟာ တရားမဝင်သလို တရုတ်မှာရှိတဲ့ App Store ပေါ်မှာ ခွင့်မပြုပါဘူး" လို့Apple က ထုတ်ပြန်ထားပါတယ်။ တရုတ်ဗဟို တယ်လီဗေးရှင်း CCTV သတင်းဌာနကတော့ Apple ရဲ့ ထုတ်ပြန်ချက်နဲ့ဆန့်ကျင်နေပါတယ်။

"Apple ကိုယ်တိုင်က သူ့ရဲ့ App Store ပေါ်မှာ app တွေကို ဘယ်လို ခွင့်ပြုရမယ်ဆိုပြီး စည်းကမ်းတွေ ချထားပေမယ့် မလိုက်နာပါဘူး။ ဒါကြောင့်ပဲ ဒီနိုင်ငံမှာ ပိတ်ထားတဲ့ ထီ နဲ့လောင်းကစား app တွေ တက်လာခဲ့တာပါပဲ" လို့CCTV က ဝေါစထရိဂျာနယ်နဲ့တွေ့ဆုံခန်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဖက်က စောဒဂတက်မှုကြောင့် Apple ဟာ ဒီ တရားမဝင် app တွေကို ဖယ်ရှားခဲ့သလို နောက်ထပ်လည်း အလားတူ apps မျိုးကို App Store က ဆက်လက်ဖယ်ရှားသွားမယ်လို့ဆိုပါတယ်။

Apple ဟာ ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်အစိုးရရဲ့ ဖိအားကြောင့် App Store ပေါ်မှ VPNs app များ ပိတ်ပင်ခဲ့ပါတယ်။ တရုတ်သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာနမှ ကိုယ်ပိုင် Virtual Private Networks (VPNs) များ အစိုးရထံမှာ လိုင်စင်ဆောင်ဖို့ဥပဒေထုတ်ခဲ့ပြီးနောက် Apple ဟာ ဒါဇင်နဲ့ချီတဲ့ VPNs များပေါ် ပိတ်ပင်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ယခုနှစ်မှာလည်း Apple ဟာ တရုတ်နိုင်ငံရှိ iCloud သုံးစွဲသူများရဲ့ အချက်အလက်ကို တရုတ်အစိုးရပိုင် တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ China Telecom ရဲ့ ဆာဗာတွေထဲမှာ သိမ်းဆည်းဖို့လွဲှပြောင်းပေးခဲ့ရပါတယ်။ ဒီဒေတာတွေထဲမှာ iCloud သုံးတဲ့ တရုတ်နိုင်ငံသားများရဲ့ အီးမေးလ်များ ၊ ဓါတ်ပုံနဲ့မက်ဆေ့များ ပါဝင်နေပါတယ်။

Photo: MacHash

 

တရုတ်နိုင်ငံဟာ Apple ရဲ့ အကြီးဆုံး ဈေးကွက်တစ်ခု ဖြစ်ပြီး ၂၀၁၇ တစ်နှစ်စာ Apple ရတဲ့ ဝင်ငွေရဲ့ ၂၀% ဟာ တရုတ်ဈေးကွက်ကနေ ဝင်လာတာပါ။ ကုမ္ပဏီအနေနဲ့တရုတ်အာဏာပိုင်များနဲ့ပဋိပက္ခမဖြစ်စေဖို့အမြဲလိုလို လိုက်လိုက်လျောလျော ဆက်ဆံနေပါတယ်။ 

 


ဆက်စပ်အကြောင်းအရာများ


Author


က္က