မသေကောင်း မပျောက်ကောင်း
Nyein Min Wai

အရီဇိုးနားက ဆယ်လ်ဖီဝါသနာအိုးတစ်ယောက်ရဲ့ အဖြစ်က မဆင်မခြင် ဆယ်လ်ဖီဆွဲတာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို သက်သေပြနေပါတယ်။

         အရီဇိုးနားပြည်နယ် တောရိုင်းတိရစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နာမည်ဖော်ပြမထားတဲ့ အမျိုးသမီးဟာ ကျားသစ်နက်လှောင်အိမ်ကို ကာရံထားတဲ့ ကွန်ကရစ်တံတိုင်းကို ကျော်ပြီး ဆယ်လ်ဖီဆွဲခဲ့တယ်လို့CBS News က ဖော်ပြခဲ့ပါတယ်။ ကျားသစ်နက်နဲ့နီးနီးကပ်ကပ် ရိုက်ချင်လို့စွန့်စားခဲ့တဲ့ အမျိုးသမီးကို လှောင်အိမ်ထဲက ကျားသစ်နက်က လက်သည်းနဲ့လှမ်းကုပ်ခဲ့တာပါ။

        " ကျားသစ်နက်က သူ့ကို လှောင်အိမ်ထဲကနေ လှမ်းကုပ်ထားတာ။ အဲဒီအမျိုးသမီးလည်း အော်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့အကုပ်ခံရတဲ့ လက်ကို ပြန်ဆွဲထုတ်တာ" လို့မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ အဒမ် ဝီလ်ကာဆင်က ပြောပါတယ်။ ကျားသစ်နက်အကုပ်ခံရတဲ့ အမျိုးသမီးရဲ့ အမေဖြစ်သူကလည်း ရေသန့်ဗူးနဲ့သူ့သမီးလက်ကို ကုပ်ထားတဲ့ ကျားသစ်နက်ကို ခြောက်လှန့်မောင်းထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။

         ကျားသစ်နက်ဟာ ဆယ်လ်ဖီဆွဲတဲ့ အမျိုးသမီးကို လွှတ်ခဲ့ပြီး ရေဗူးကို ဆွဲသွားခဲ့တယ်လို့လည်း ဒီဖြစ်ရပ်ကို မြင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ အရီဇိုးနား တိရစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်ကို ဗွီဒီယို ရိုက်ကူးခဲ့သူ ရှိပြီး ဒီဗွီဒီယိုဖိုင်ကလည်း အွန်လိုင်းမှာ ပြန့်သွားခဲံပါတယ်။ ဒဏ်ရာရသွားတဲ့ အမျိုးသမီးအနေနဲ့သူမကို ကယ်တင်ခဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ပေမယ့် ဗွီဒီယို အွန်လိုင်းပေါ် တက်သွားတာကို စိတ်မကောင်းဖြစ်နေတယ်လို့CBS News ကို ပြောခဲ့ပါတယ်။

         ကျားသစ်နက်အကုပ်ခံရပြီးနောက် သူမဟာ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူတွေကို တောင်းပန်စကားပြောခဲ့ပေမယ့် လှောင်အိမ်တံတိုင်းပေါ် ကျော်တက်ခဲ့တယ်ဆိုတဲ့ အချက်ကို ဝန်မခံခဲ့ပါဘူး။ တိရိစ္ဆာန်ရုံညွှန်ကြားရေးမှူး မစ်ကီအိုလ်ဆင်ကတော့ လူဆွဲခဲ့တဲ့ ကျားသစ်နက်ကို လှောင်အိမ်က ာယီ ပြသမှု ပိတ်ပင်ထားခဲ့ပါတယ်။

         ပြီးခဲ့တဲ့နှစ်ကလည်း တိရစ္ဆာန်ရုံလာလည်သူတစ်ဦးဟာ ကျားသစ်နက်ကို ဗွီဒီယို ရိုက်နေစဉ် ဆွဲခံခဲ့ရဖူးပါတယ်။ အမေရိကန်အမျိုးသား ဆေးမှတ်တမ်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အကြား ဆယ်လ်ဖီဆွဲရင်း သေဆုံးမှုပေါင်း ၂၅၉ ခု ရှိခဲ့တယ်လို့ဆိုပါတယ်။


Author


က္က