တတိယအကြိမ် ကျင်းပသွားမှာပါ

မြန်မာနိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းဈေးရောင်းပွဲတော်တစ်ခုဖြစ်တဲ့ Mobile Week ကို လာမယ့် ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၃ ရက်အထိ တစ်ပတ်တာ ကျင်းပသွားတော့မယ်လို့သိရပါတယ်။



 

Shop.com.mm ကနေ ကြီးမှူးကျင်းပသွားမယ့် ဒီဈေးရောင်းပွဲတော်မှာ နာမည်ကြီး Samsung ၊ Apple ၊ Sony ၊ Oppo ၊ Huawei ၊ Xiaomi ၊ Honor ၊ Motorola နဲ့Singtech စတဲ့ ဖုန်းများကို အများဆုံး ၇၀% အထိ ဈေးချရောင်းပေးသွားမှာ ဖြစ်သလို အထူးအစီအစဉ်အဖြစ် အမြင့်ဆုံး လျှော့ဈေးနဲ့ပစ္စည်းအရေအတွက် အကန့်အသတ်နဲ့ရောင်းချပေးသွားမယ့် Flash Sale အစီအစဉ်များလည်း ပါဝင်မယ်လို့ဆိုပါတယ်။ Mobile Week ပွဲတော်ကာလအတွင်း အွန်လိုင်းမှ မှာယူတဲ့ ဖုန်းနဲ့ဖုန်းအပိုပစ္စည်းများကို တစ်နိုင်ငံလုံးအနှံ့အခမဲ့ ပို့ဆောင်ပေးသွားမှာပါ။

ဒီပွဲမှာ Telenor စတားရထားသူများအတွက် သီးသန့်အထူးလျှော့ဈေးများနဲ့ဖုန်းအမျိုးမျိုး ဝယ်ယူခွင့်အပြင် ဖုန်းမော်ဒယ်ပေါ်လိုက်ပြီး ၁၂ လအတွင်း အသုံးပြုနိုင်မယ့် 24GB ဒေတာဘောနပ်စ်လည်း ထည့်သွင်းပေးသွားမယ်လို့ဆိုပါတယ်။ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၃ ရက်နေ့အထိ တစ်ပတ်တာ ကျင်းပသွားမယ့် ဒီပဲွဲမှာ online payment စနစ်များ ဖြစ်တဲ့ contactless နဲ့QR pament စနစ်များ အသုံးပြုသွားမှာပါ။ Shop.com.mm ဟာ အွန်လိုင်းငွေပေးငွေချေစနစ်အတွက် AYA ၊ CB ၊ KBZ နဲ့MAB ဘဏ်များနဲ့ချိတ်ဆက်ထားတဲ့ Visa card တွေနဲ့ဝယ်ယူသူများအတွက် ၅% အပိုလျှော့ဈေး ထပ်ဆောင်း ပေးသွားမယ်လို့ဆိုပါတယ်။

 

ယခုနှစ် Mobile Week ပွဲတော်ဟာ Shop.com.mm ရဲ့ တတိယမြောက် အွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် အွန်လိုင်းမှ စမတ်ဖုန်းရောင်းအား တိုးတက်လာနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က