5G ကွန်ရက်ပေါ်ကနေ သွားတာ ဖြစ်လို့ကွန်ရက်ချိတ်ဆက်မှုအလွန်မြန်မှာပါ
Nyein Min Wai

     နောင်တစ်ချိန်မှာ ကားခ ၊ ရထားခကို စီးသူရဲ့ မျက်နှာပြင်ဖတ်ပြီး ကောက်ခံမယ့်စနစ်ဟာ တရုတ်နိုင်ငံကနေ စတင်သွားဖို့ရှိပါတယ်။

         တရုတ်နိုင်ငံ ရှန်းကျန့်မှာ ရှိတဲ့ Futian ရထားဘူတာရုံမှာ 5G ကွန်ရက်ကနေ မျက်နှာပြင်ဖတ် ရထားခပေးတဲ့စနစ်ကို စမ်းသပ်သုံးစွဲနေတယ်လို့South China Morning Post မှာ ဖော်ပြထားပါတယ်။ ရှန်းကျန့်ဟာ တရုတ်နိုင်ငံရဲ့ နည်းပညာမြို့တော်တစ်ခု ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း provider ကြီးဖြစ်တဲ့ Huawei ရုံးစိုက်ရာ မြို့လည်း ဖြစ်ပါတယ်။

Photo: scmp

         ဒီမြို့မှာ ရှိတဲ့ Futian မြေအောက်ရထားရုံတစ်ခုမှာ အနာဂါတ် payment စနစ်တစ်ခုဖြစ်လာမယ့် မျက်နှာနဲ့ရထားခကောက်တဲ့ စနစ်ကို စတင် စမ်းသပ်နေတာလည်း ဖြစ်ပါတယ်။ ရထားစီးဖို့ဝင်ရောက်လာတဲ့ ခရီးသည်တွေဟာ မြေအောက်ရထားရုံဝင်ပေါက်တစ်နေရာမှာ တပ်ဆင်ထားတဲ့ တက်ဘလက်အရွယ် မျက်နှာပြင်ဖတ် screen တစ်ခုမှာ မျက်နှာကို စကင်ဖတ်ရမှာပါ။ ရထားခကိုတော့ ဒီမျက်နှာပြင်အချက်အလက်ပိုင်ရှင်နဲ့ချိတ်ဆက်ထားတဲ့ အကောင့်တွေထဲကနေ အလိုအလျောက် ဖြတ်သွားမယ်လို့ဆိုပါတယ်။

         ဒီစနစ်ကို စမ်းသပ်ရာမှာ ပါဝင်တဲ့ ခရီးသည်တွေဟာ အရင်ဆုံး မျက်နှာပြင်အချက်အလက်ဒေတာတွေကို မှတ်ပုံတင်ပြီးမှ မြေအောက်ရထားခအတွက် ပေးမယ့် ငွေပေးငွေချေအကောင့်တစ်ခု ချိတ်ပေးတာ ဖြစ်ပါတယ်။ မျက်နှာပြင်ဖတ်ပြီး လက်မှတ်ခပေးတဲ့နစစ်ကြောင့် မြေအောက်ရထားစီးခွင့်ကဒ် မေ့ကျန်တာ ၊ ဖုန်းမှာပါတဲ့ QR barcode စကင်ဖတ်စရာတွေ လိုမှာ မဟုတ်တော့ပါဘူး။

Photo:The Verge   

         တရုတ်နိုင်ငံဟာ cashless စနစ်လို့ခေါ်တဲ့ ငွေသားမဲ့ဝန်ဆောင်မှုကို အသုံးများဆုံး နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ အင်တာနက် ကွန်ရက်သတင်းအချက်အလက် စင်တာရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်အတွင်း လူပေါင်း ၅၈၃ သန်းခန့်ဟာ စမတ်ဖုန်းတွေကနေ ငွေပေးငွေချေမှု လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ မျက်နှာပြင်ဖတ်စနစ်နဲ့AI နည်းပညာကိုလည်း တရုတ်နိုင်ငံမြို့ကြီးတွေဟာ ယာဉ်ကြောရှင်းဖို့နဲ့ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာဖို့အသုံးပြုနေပါတယ်။

      လက်ရှိမှာ မျက်နှာနဲ့လက်မှတ်ခကောက်တဲ့ ဝန်ဆောင်မှုဟာ စမ်းသပ်ဆဲမှာ ရှိပြီး နောင်တစ်ချိန်မှာ တစ်နေ့ကို လူ ၅ သန်း စီးနင်းလိုက်ပါနေတဲ့ ရှန်းကျင့်မြေအောက်ရထားလိုင်း ကွန်ရက်ဝန်ဆောင်မှုကို အများကြီး မြန်ဆန်သွက်လက်စေမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က