ကုမ္ပဏီကတော့ ဟက်ကာရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ငြင်းဆန်ထား ပါတယ်

မက္ကဆီနိုင်ငံအနှံ့အပြားက Petroleos Mexicanos လောင်စာဆီကုမ္ပဏီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ တွေ့ကြုံခဲ့ပြီး ကွန်ပျူတာစနစ်များ ရပ်တန့်သွားခဲ့ပါတယ်။

Petroleos Mexicanos ဟာ အစိုးရပိုင် လောင်စာဆီကုမ္ပဏီဖြစ်ပြီး ဒီဆိုက်ဘာတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ ဟက်ကာဟာ သူ့ဆီကို ဒေါ်လာ ၅ သန်းလွှဲပေးဖို့ တောင်းဆိုထားတယ်လို့Japan Times သတင်းက ဆိုပါတယ်။ ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ ကွန်ပျူတာတွေပေါ်မှာတော့ DoopelPaymer malware နဲ့ ချိတ်ဆက်ထားတဲ့ Dark Web တစ်ခုပေါ်ကို ညွန်းထားပြီး bitcoin အရေအတွက် ၅၆၅ ခု (ကန်ဒေါ်လာ ၅ သန်းခန့်) ပေးရမယ်လို့ ဖော်ပြထားပါတယ်။


Photo: Japan Times

ကုမ္ပဏီကတော့ ဟက်ကာရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ငြင်းဆန်ထားပြီး ဆိုက်ဘာတိုက်ခိုက်မှုပြဿနာကို ဖြေရှင်းသွားမယ်လို့ မက္ကဆီကို စွမ်းအင် ဝန်ကြီး ရိုစီယိုနာ့လီက ဆိုပါတယ်။

အီးမေးလ်လိပ်စာထဲမှာ သူ့ကိုယ်သူ ဂျိုးဆက်အာကင်းလို့ သုံးနှုန်းထားတဲ့ ဟက်ကာတောင်းဆိုထားတဲ့ ငွေကြေးကို ဘယ်နေ့ နောက်ဆုံးပေးရမလဲဆိုတဲ့ မေးခွန်းကိုတော့ Pemex ဘက်က ဖြေကြားခြင်း မရှိပါဘူး။ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်း ထုတ်ပြန်ထားတဲ့ အသိပေးချက်ထဲမှာ လုပ်ငန်းလည်ပတ်မှုတွေ ပုံမှန်အတိုင်း ရှိနေကြောင်းနဲ့ PC ကွန်ပျူတာအားလုံးရဲ့ ၅% အောက်ပဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။


Photo: The Block

Pemex ကို တိုက်ခိုက်ခဲ့တဲ့ ဟက်ကာဟာ ဝစ်ကွန်ဆင်အခြေစိုက် ထရပ်ကားသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဖြစ်တဲ့ Roadrunner Transportations System ကိုလည်း ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့သူ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားပါတယ်။ Roadrunner Transportation ဟာလည်း ဆိုက်ဘာတိုက်ခိုက်ခံရချိန်မှာ တောင်းဆိုတဲ့ငွေကို ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်က မက္ကဆီကိုစီးပွားရေးကို အဓိက တွန်းတင်ပို့တဲ့ လုပ်ငန်းကြီးတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ Pemex ရေနံလုပ်ငန်းဟာ ၁၅ နှစ်နီးပါး အထွက်နှုန်းကျဆင်းမှုနဲ့ ကြုံပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ အကြွေးတင်နေတဲ့ ကုမ္ဗဏီလည်း ဖြစ်ပါတယ်။



က္က