ဈေးသက်သာတဲ့ Y91 ကို မကြာခင် ဈေးကွက်မှာ ဖြန့်ချိတော့မယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကမှ Y95 ဆိုပြီးထွက်ရှိထားတဲ့ Vivo ဟာ သူ့ထက်ပိုပြီး ဈေးသက်သာသော ညီငယ် Version အဖြစ် Y91 ကို မကြာခင် ဈေးကွက်မှာ ဖြန့်ချိတော့မယ်လို့ ဆိုပါတယ်။



အရောင်များအနေဖြင့် Ocean Blue နဲ့ Starry Black နှစ်မျိုးကို ရွေးချယ်ခွင့် ရရှိမှာဖြစ်ပြီး Vivo ရဲ့ပုံမှန် Trend ဖြစ်တဲ့ Fashionable ဖြစ်တယ်ဆိုတဲ့ ဘက်ကို သွားထားပုံရပါတယ်။

ဒါ့အပြင် လတ်ရှိစမတ်ဖုန်းလောကမှ ခေတ်စားနေတဲ့ Notch Trend ကိုမှ နောက်ဆုံး Version အဖြစ် နေရောင်ခြည် အဝန်းအဝိုင်းပုံလေးဖြစ်သော Halo FullViewTM Display နဲ့ ထွက်ရှိလာမှာဖြစ်လို့ ဒီအချက်ကတော့ သဘောကျစရာ တစ်ခုဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ဈေးနှုန်းကိုတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ တရားဝင်ကြေငြာသွားဖွယ်ရှိပြီး လူတိုင်း ကိုင်နိုင်လောက်မယ့် အနေအထားတစ်ရပ် ဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်။

ဒါ့အပြင် သူ့ရဲ့ အခြားအားသာချက်တွေအနေနဲ့ 4030 mAh Battery နဲ့အတူ 64 GB ROM လည်း ပါဝင်လာမှာဖြစ်လို့ Entry Level တွေထဲမှာတော့ စောင့်ကြည့်ရမယ့် အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က