အချက်အလက်တွေ ပြန်ယူထားဖို့တိုက်တွန်းထားပါတယ်။

၂၀၁၈ နှစ် အောက်တိုဘာလကုန်ပိုင်းက လူပေါင်း ၅ သိန်းရဲ့ အချက်အလက်တွေ ပေါက်ကြားမှု ဖြစ်ပွားခဲ့တဲ့ Google + ဝန်ဆောင်မှုဟာ လာမယ့်ဧပြီ ၂ ရက်မှာ နိဂုံးချုပ် ဇာတ်သိမ်းတော့မှာပါ။

Photo: Callbox


         Facebook နဲ့ပြိုင်ဘက်လူမှုကွန်ရက်အဖြစ် ၂၀၁၁ ထဲမှာ မိတ်ဆက်ခဲ့တဲ့ Google+ ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ လူပေါင်း ၅ သိန်းရဲ့ အချက်အလက်တွေ သုံးနှစ်လောက်ကြာအောင် ပေါက်ကြားနေတဲ့ bug ကို တွေ့ရှိခဲ့ပြီးနောက် လာမယ့် ၂၀၁၉ သြဂုတ်လထဲမှာ ဒီဝန်ဆောင်မှုကို ပိတ်သိမ်းသွားမယ်လို့ကနဦးက ကြေညာခဲ့ပါတယ်။

         နိုဝင်ဘာ ၇ ရက်နေ့မှာ Google+ API မှာ နောက်ထပ် bug တစ်ခုတွေ့ရှိပြီး ဒီ bug ကနေ အကောင့်ပေါင်း ၅၂.၅ သန်း ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီ bug ကို အမြန်ဖြေရှင်းခဲ့ပြီးနောက် Google+ ဖျက်သိမ်းမယ့်ရက်ကို အဆောတလျင် ပြောင်းခဲ့တာပါ။

         "ဧပြီ ၂ ရက်နေ့မှာ သင်တို့ရဲ့ Google+ အကောင့်နဲ့page တွေ ပိတ်သိမ်းသွားမှာ ဖြစ်ပြီး Google+ အကောင့်တွေကိုလည်း လုံးဝပယ်ဖျက်သွားမှာပါ" လို့Google ရဲ့ Support page မှာ ရေးသားခဲ့ပါတယ်။ "အယ်လ်ဘမ် Archive နဲ့Google+ pages တွေထဲက ဓါတ်ပုံနဲ့ဗွီဒီယိုတွေကိုလည်း ဖျက်သွားမှာပါ"လို့လည်း ဖော်ပြထားပါတယ်။

Photo: extremetech

         ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး Google ဟာ ဒီဝန်ဆောင်မှုပေါ်မှာ profile ဆောက်တာ ၊ page ထောင်တာ ၊ events တင်တာတွေကို လက်ခံတော့မှာ မဟုတ်ဘဲ community ကိုင်သူတွေနဲ့အဖွဲ့ဝင်တွေအနေနဲ့မတ်လဆန်းကစပြီး ဒီပေါ်က အချက်အလက်တွေ ဒေါင်းလုပ်ဆွဲခွင့်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ နောက်လာမယ့် သီတင်းပတ်တွေက စပြီး Google+ sign in ခလုတ်တွေထဲ ဝင်လို့ရတော့မှာ မဟုတ်ဘဲ ချွင်းချက်အနေနဲ့Google Sign-in button တစ်ခုနဲ့အစားထိုးပေးသွားဖို့ရှိနေပါတယ်။

         Facebook နဲ့အပြိုင် လူမှုကွန်ရက်လောကထဲ ဝင်ခဲ့တဲ့ Google+ ကို လူပေါင်း သန်း ၂ ထောင်သုံးဖို့ရည်မှန်းပြီး ဖြန့်ချိခဲ့တာ ဖြစ်ပေမယ့် အခုချိန်မှာ ဒီဝန်ဆောင်မှုကို လစဉ်သုံးစွဲသူဦးရေဟာ ၃၅၉ သန်းပဲ ရှိနေပါတယ်။

Google+ ကို မပိတ်ခင်မှာ ဒီဝန်ဆောင်မှုကို သုံးခဲ့သူတွေအနေနဲ့Google ရဲံ Download Your Data စာမျက်နှာကနေ အချက်အလက်တွေ ပြန်ယူထားဖို့တိုက်တွန်းထားးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က