Epic မှာ ရှယ်ယာ ၁.၄% ပိုင်မှာပါ

ဂျပန်နည်းပညာကုမ္ပဏီ Sony ဟာ Fornite ဂိမ်းကို ရေးဆွဲတဲ့ Epic Games မှာ ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှပ်နှံလိုက်တယ်လို့ ဆိုပါတယ်။

Epic Games ရဲ့ လုပ်ငန်းတန်ဖိုးကို ဒေါ်လာ ၁၇.၈၆ ဘီလျံ သတ်မှတ်ထားပြီး Sony ဟာ ဒီရင်းနှီးမြှပ်နှံမှုကြောင့် Epic Games မှာ ရှယ်ယာ ၁.၄% ရရှိမှာ ဖြစ်တယ်လို့ VentureBeat က ဖော်ပြထားပါတယ်။ Sony ရဲ့ ရင်းနှီးမြှပ်နှံမှုကြောင့် Epic ဟာ ဒီနေ့အချိန်အထိ ရင်းနှီးမြှပ်နှံမှုပမာဏ ဒေါ်လာ ၁.၈၃ ဘီလျံအထိ ရရှိထားပြီ ဖြစ်ပါတယ်။



Photo: The Verge


ပြီးခဲ့တဲ့ ရံပုံငွေရှာဖွေမှု ၃ ခုမှာ Epic Games ဟာ ဒေါ်လာ ၁.၅၈ ဘီလျံ ရထားပါတယ်။ ၂၀၁၂ ခုနှစ်ထဲမှာ Epic Games ဟာ Tencent ရဲ့ ဒေါ်လာ သန်း ၃၃၀ ရင်းနှီးမြှပ်နှံမှု ရခဲ့ပြီး ကုမ္ပဏီရဲ့ ရှယ်ယာ ၄၀% ခွဲဝေပေးခဲ့ပါတယ်။ Sony အနေနဲ့ Epic မှာ ရင်းနှီးမြှပ်နှံခြင်းကြောင့် ကုမ္ပဏီနှစ်ခုအကြား ပူးပေါင်းလုပ်ဆောင်မှုသစ်တွေ တိုးချဲ့လာတော့မှာပါ။

Sony ဟာ ဖျော်ဖြေရေးပစ္စည်းနဲ့ နည်းပညာတွေ ပိုင်ဆိုင်ထားပြီး Epic ဟာ ပလက်ဖောင်းနဲ့ Digital Ecosystem တွေ ထောက်ပံ့ပြီး ဂိမ်းရေးဆွဲသူနဲ့ ကစားသူများအတွက် သီးသန့်အတွေ့အကြုံတွေ ဖန်တီးပေးသွားမှာပါ။ Sony နဲ့ Epic တို့ဟာ Fortnite လိုမျိုး virtual multimedia အတွေ့အကြုံတွေ ဖန်တီးသွားဖို့ ရှိပါတယ်။

Photo: essentiallysports

"ဂိမ်း ၊ ရုပ်ရှင်နဲ့ ဂီတပိုင်းတွေ တစ်စုတစ်စည်းတည်း ဖော်ဆောင်နိုင်ဖို့ ဦးတည်ပြီး real-time 3D social တွေ့ကြုံခံစားမှုတွေ ပေးဖို့ပါ ဆွေးနွေးဖြစ်ကြပါတယ်။" လို့ Epic CEO နဲ့ တည်ထောင်သူ တင်မ်ဆွိနေးက ဆိုပါတယ်။ Sony ဟာ Sony Pictures ရုပ်ရှင်နဲ့ Sony Music လိုမျိုး လုပ်ငန်းတွေပါ တည်ထောင်ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ Epic နဲ့ တွဲပြီး PlayStation ထုတ် ဂိမ်းတွေအတွက်ပါ ပူးပေါင်းသွားဖို့ ရှိပါတယ်။

Sony နဲ့ Epic တို့ဟာ အတူတူ အလုပ်လုပ်လာတာ ကြာပြီ ဖြစ်ပါတယ်။ Epic ဟာ Sony Playstation 5 မှာ သုံးမယ့် Unreal Engine 5 ဂရပ်ဖစ်ကို ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က