(၂) ခေတ်မီလှပပြီး နေရာယူမှုအနည်းဆုံး Dewdrop Notch ဒီဇိုင်း

ဒီနေ့ခေတ်မှာ စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ ဈေးနှုန်းမြင့်မားတဲ့ Flagship level စမတ်ဖုန်းတွေအပြင် သုံးစွဲသူတွေ လိုအပ်ချက်အလိုက်ရွေးချယ်နိုင်ဖို့ ဈေးနှုန်းအလယ်အလတ်တန်း Mid Range ဖုန်းတွေ၊ ဈေးနှုန်းသက်သာတဲ့ Budget ဖုန်းတွေကိုပါထုတ်လုပ်လျက်ရှိပါတယ်။ ဒါကြောင့် စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ပိုက်ဆံတွေအများကြီးမသုံးချင်လို့ Budget ဖုန်းကိုပဲဝယ်ယူမယ်ဆိုရင်တောင် ဈေးသက်သာပြီးအရည်အသွေးကောင်းတဲ့ရွေးချယ်စရာစမတ်ဖုန်းအတော် များများရှိနေတာကိုတွေ့ရမှာပါ။ အဲဒီလိုရွေးချယ်စရာတွေများတဲ့ထဲမှာမှလက်ရှိဈေးကွက်ထဲက Budget ဖုန်းတွေထဲကမှ နိုင်ငံတကာဈေးကွက်မှာ ၂၀၁၉ ဇန်နဝါရီလထဲကထွက်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာလည်းမကြာခင်မိတ်ဆက်တော့မယ့် Honor 8A စမတ်ဖုန်းကိုရွေးချယ်ဝယ်ယူသင့်တဲ့အချက် ၅ ချက်ကိုဖော်ပြ ပေးလိုက်ပါတယ်။



(၁) ၆.၀၉ လက်မရှိကျယ်ပြန့်ပြီး အမြင်အာရုံထိခိုက်မှုကိုလျှော့ချပေးနိုင်တဲ့မျက်နှာပြင်

Honor 8A ဟာ Budget ဖုန်းတစ်လုံးဖြစ်ပေမယ့်သူ့မှာ ၆.၀၉ လက်မထိရှိပြီး Flagship Level စမတ်ဖုန်းတွေမှာပါဝင်တဲ့ ကျယ်ပြန့်တဲ့မျက်နှာပြင်ဒီဇိုင်းပါဝင်ပါတယ်။ ဘေးဘောင်တွေနဲ့ အပေါ်ဘက်ဘောင်က နေရာယူမှုအလွန်နည်းပြီး မျက်နှာပြင်နဲ့ကိုယ်ထည်အချိုးက ၈၇ ရာခိုင်နှုန်းအထိရှိတာကြောင့် ဖုန်းအရွယ်အစားကအရမ်းကြီးမနေဘဲ ကျယ်ပြန့်တဲ့မျက်နှာပြင်ကိုခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒီဖုန်းရဲ့မျက်နှာပြင်ဟာ အပြာရောင်အလင်းထုတ်လွှတ်မှုကို လျှော့ချပေးပြီး ဖုန်းကိုအချိန်ကြာကြာကြည့်လို့အမြင်အာရုံထိခိုက်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။ ဒီအတွက် မျက်လုံးသက်သောင့်သက်သာဖြစ်မှုအတွက်အကဲဖြတ်ပေးတဲ့နိုင်ငံတကာအဆင့်အသိအမှတ်ပြုလက်မှတ် TÜV Rheinland Certificate ရရှိထားတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာလို့အမြင်အာရုံအထိမခံ နိုင်တဲ့လူကြီးတွေ၊ ဆယ်ကျော်သက်အရွယ်လူငယ်တွေအတွက်အထူးသင့်လျော်မှာပဲဖြစ်ပါတယ်။

(၂) ခေတ်မီလှပပြီး နေရာယူမှုအနည်းဆုံး Dewdrop Notch ဒီဇိုင်း

စမတ်ဖုန်းတွေရဲ့အရွယ်အစားကိုပိုကြီးစရာမလိုဘဲ မျက်နှာပြင်ပိုမိုကျယ်ပြန့်လာဖို့အတွက် စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ ဖုန်းရဲ့ထိပ်ပိုင်းမှာနေရာယူထားတဲ့ ဘောင်ကိုလျှော့ချဖို့ ယခင်နှစ်တွေထဲကတည်းကကြိုးစားခဲ့ကြတာပါ။ ဒီလိုကြိုးစားရတာ ထင်သလောက်တော့မလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်းတစ်လုံးရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ရှေ့ကင်မရာနဲ့ အခြားအာရုံခံကိရိယာ(Sensor) တွေဟာဖုန်းရဲ့အပေါ်ဘက်ဘောင်ထဲမှာထည့်သွင်းထားတာမလို့ပါ။ အစပိုင်းမှာ သာမန် Notch တွေကိုဖန်တီးထည့်သွင်းခဲ့ပြီး ၂၀၁၉ အရောက်မှာတော့ နေရာယူမှုအနည်းဆုံးနှင်းစက်ပုံ Dewdrop ဒီဇိုင်းနဲ့ထည့်သွင်းနိုင်တဲ့အထိတိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့အဲဒီလို Dewdrop ဒီဇိုင်းကို တန်ဖိုးမြင့် Flagship level ဖုန်းတွေမှာသာထည့်သွင်းပေးနိုင်ခဲ့ကြတာပါ။ Honor 8A မှာတော့အဲဒီလိုတန်ဖိုးကြီးစမတ်ဖုန်းတွေမှာပါဝင်တဲ့ Dewdrop ဒီဇိုင်းကိုထည့်သွင်းပေးထားတာကြောင့် အခြား Budget ဖုန်းတွေထက်ကြီးမားတဲ့အားသာချက်ဖြစ်ခဲ့ပါတယ်။

(၃) နားကြပ်တပ်စရာမလိုဘဲ FM ရေဒီယိုဖမ်းယူနားဆင်နိုင်မှု နဲ့ အသံထွက်ကောင်းမွန်တဲ့ စပီကာ

အင်တာနက်ခေတ်ကိုရောက်နေပြီဆိုပေမယ့် FM ရေဒီယိုတွေရဲ့အခန်းကဏ္ဍကလုံးဝမှေးမှိန်မသွားသေးပါဘူး။ အရသာ တစ်မျိုးနဲ့သီချင်းတွေနားဆင်နိုင်တဲ့အပြင် သတင်းအချက်အလက်တွေရယူဖို့နဲ့ပျော်စရာအစီအစဉ်တွေမှာပါဝင်နိုင်ဖို့ FM ရေဒီယိုတွေကိုလူတွေကနှစ်နှစ်ခြိုက်ခြိုက်နားဆင်နေကြဆဲဖြစ်ပါတယ်။ ဒါကြောင့်စမတ်ဖုန်းတွေမှာ FM ရေဒီယို ဖမ်းယူနားဆင်နိုင်အောင်ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ ဒါပေမဲ့စမတ်ဖုန်းတော်တော်များများမှာ FM ဖမ်းယူဖို့အတွက် နားကြပ်ကိုတပ်ဆင်ထားဖို့လိုအပ်တာက တစ်ချို့သူတွေနဲ့တစ်ချို့အခြေအနေတွေမှာ အဆင်မပြေပါဘူး။ Honor 8A မှာတော့ FM ဖမ်းယူဖို့အတွက် နားကြပ်တပ်နေစရာမလိုတာကြောင့် FM ချစ်သူတွေအတွက်အကြိုက်တွေ့စရာ ပါပဲ။ အထူးသဖြင့်ကြိုးတွေနဲ့ရှုပ်နေတဲ့ နားကြပ်တပ်ရတာအသားမကျတဲ့လူကြီးတွေအတွက်အဆင်ပြေစေမှာပါ။ နောက်ပြီး မျိုးဆက်ဟောင်းစမတ်ဖုန်းစပီကာတွေထက် ၃၀ ရာခိုင်နှုန်းပိုမိုသာလွန်ကောင်းမွန်တဲ့ နည်းပညာအသစ်နဲ့ SmartPA စပီကာလည်းပါဝင်တာကြောင့် စပီကာဖွင့်ပြီးဖုန်းပြောတတ်တဲ့လူကြီးတွေနဲ့ ဘော်ဒါတွေစုံရင် သီချင်းကိုနားကြပ်နဲ့ နားမထောင်ဘဲ စပီကာဖွင့်နားထောင်တဲ့လူငယ်တွေပါ အကြိုက်တွေ့မှာဖြစ်ပါတယ်။

(၄) SIM ကဒ် ၂ ကဒ်အပြင် Micro SD ကဒ်ပါထပ်ထည့်လို့ရတဲ့ SIM Slot

Budget စမတ်ဖုန်းတော်တော်များများမှာ ဆင်းမ်ကဒ် ၂ ကဒ်ထည့်သုံးလို့ရတာမှန်ပေမယ့် အဲဒီလိုဆင်းမ်ကဒ် ၂ ကဒ်ထည့်လိုက်ရင် ဖုန်းထဲမှာဒေတာသိမ်းဆည်းဖို့အတွက် Memory ကိုတိုးမြှင့်ဖို့ Micro SD ကဒ်ထည့်လို့မရတော့ပါဘူး။ Honor 8A မှာတော့ ဆင်းမ်ကဒ် ၂ ကဒ်အပြင် Micro SD ကဒ်ထည့်ဖို့ပါနေရာထည့်သွင်းပေးထားတာက အခြား Budget စမတ်ဖုန်းအများစုထက်အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

(၅) အသုံးပြုရလွယ်ပြီး မြန်ဆန်သွက်လက်တဲ့ User Interface

Honor 8A မှာ နောက်ဆုံးထွက် Android Version ဖြစ်တဲ့ Android 9 ကိုအခြေခံထားတဲ့ EMUI 9.0 User Interface ကိုထည့်သွင်းပေးထားပါတယ်။ ဒီ User Interface မှာအသုံးပြုသူရဲ့ စမတ်ဖုန်းသုံးစွဲပုံအပေါ်အခြေခံပြီး လုပ်ဆောင်ချက် တွေကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးနိုင်မယ့် အသိဉာဏ်တုနည်းပညာ (AI) နဲ့ Application တွေကို စီမံခန့်ခွဲပေးပါတယ်။ ဒါကြောင့်ဖုန်းကကိုယ်ပုံမှန်လုပ်ဆောင်နေကြလုပ်ဆောင်ချက်တွေကို မှတ်မိသိရှိနေပြီး သုံးစွဲမယ့် အချိန်မှာအဆင်သင့်ရှိနေမှာဖြစ်သလို အချိန်အကြာကြီးအသုံးပြုရင်တောင် ဖုန်းကလုပ်ဆောင်ပုံလေးလံနှေးကွေးသွားတာ မျိုးတွေရှိမှာမဟုတ်ပါဘူး။

ဒီလိုအားသာချက်တွေရှိနေတဲ့ Honor 8A စမတ်ဖုန်းမှာ

- တန်ဖိုးကြီးစမတ်ဖုန်းတွေမှာပါဝင်တဲ့ Face Unlock စနစ်၊

- 13MP ရှိပြီးအလင်းဝင်ပေါက်ကျယ်ကျယ်နဲ့ အရည်အသွေးမြင့်ပုံရိပ် တွေဖမ်းယူပေးနိုင်တဲ့အနောက်ဘက်ကင်မရာ ၊               - လှပတဲ့ ပုံရိပ်တွေဖမ်းယူပေးနိုင်တဲ့ AI နည်းပညာသုံး 8MP Selfie ကင်မရာ၊

- ဖက်ရှင်ကျလှပတဲ့ Dual Texture ဒီဇိုင်းနဲ့ကိုယ်ထည်

- အားအပြည့်သွင်းထားရင် တစ်နေ့တာလုံး အဆင် ပြေပြေအသုံးပြုနိုင်တဲ့ 3020 mAh ဘက်ထရီ၊

- Application တွေ၊ ဂိမ်းတွေနဲ့ ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို မြန်မြန် ဆန်ဆန်ဆောင်ရွက်နိုင်ကာ ဘက်ထရီသုံးစွဲမှု ကိုလည်းလျှော့ချပေးနိုင်တဲ့ နည်းပညာနဲ့ MT6765 8-core processor တို့ပါဝင်ပါတယ်။

Honor 8A စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်မှာ ဈေးနှုန်း ငွေကျပ် ၂ သိန်းကနေ ၂ သိန်းခွဲကြားနဲ့ရောင်းချသွား လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။အရောင်အနေနဲ့ကတော့ အပြာ၊ အနီ၊ အနက် နဲ့ရွှေရောင်ဆိုပြီးအရောင် ၄ ရောင် ရွေးချယ် ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က