၄၈ ပြည်နယ်က ရှေ့နေတွေ စုပြီး စုံစမ်းစစ်ဆေးမှု လုပ်သွားမှာပါ
Nyein Min Wai

အမေရိကန် ၄၈ ပြည်နယ်က ရှေ့နေ ၅၀ ပါဝင်တဲ့အဖွဲ့ဟာ Google ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။


ပြည်နယ်ရှေ့နေချုပ် ၅၀ ပါဝင်တဲ့ ရှေ့နေအဖွဲ့ဟာ Google ကုမ္ပဏီရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်တဲ့ စီးပွားရေး ကျင့်ထုံးတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့တက္ကဆက်ပြည်နယ်ရှေ့နေချုပ် ကန်ပက်ချ်တန်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး CNET သတင်းက ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုအတွက် ၄၈ ပြည်နယ်က ရှေ့နေချုပ်တွေ ပါဝင်ပြီး ကယ်လီဖိုးယား နဲ့အလာဘားမားပြည်နယ် နှစ်ခုပဲ ဒီစုံစမ်းမှုမှာ ပူးပေါင်းခြင်း မလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo: CNN


ပါတီနှစ်ရပ်က ရှေ့နေတွေ ပါဝင်တဲ့ ဒီအဖွဲ့ရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်သူ ရီပတ်ဘလစ်ကန် ပါတီဝင်ပက်ချ်တန်ကတော့ သတင်းအချက်အလက်တွေ ပေးဖို့တောင်းဆိုချက်တစ်ခု Google ကို ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုဟာ မူလက Google ရဲ့ ကြေညာနဲ့Search ရှာဖွေရေး လုပ်ငန်းတွေကို ဦးတည်ခဲ့တာ ဖြစ်ပြီး စုံစမ်းမှုကို တိုးချဲ့သွားဖို့လည်း ပြည်နယ်ရှေ့နေတွေက အကြံပြုထားပါတယ်။


"Google ဟာ အင်တာနက်ပေါ်က ကြော်ငြာကဏ္ဍနဲ့ရှာဖွေရေးအားလုံးကို လွှမ်းမိုးထားပါတယ်။" လို့တနင်္လာနေ့က တရားရုံးချုပ်ရှေ့မှာ လုပ်ဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပက်ချ်တန်က ပြောကြားခဲ့ပါတယ်။ "အခုက ကြော်ငြာနဲ့ပတ်သက်ပြီး စုံစမ်းမှာပါ။ အချက်အလက်တွေကို ကြည့်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ ဦးတည်သွားပါလိမ့်မယ်။"

Open Market Institute ရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၉၉၈ နောက်ပိုင်း Microsoft တရားစွဲခံရပြီးကတည်းက အခုလိုမျိုး ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့စွပ်စွဲခံရမှု မမြင်ဖူးကြောင်းနဲ့ပြည်နယ်ရှေ့နေချုပ် ၅၀ စုစည်းပြီး Google ပေါ် စုံစမ်းမယ်ဆိုတဲ့ အချက်ကို ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

Photo: Sky News


လက်ရှိ စုံစမ်းမှုဟာ ဒီဂျစ်တယ်ကြော်ငြာကဏ္ဍ Google ရဲ့ ကြီးစိုးမှုကိုပဲ ဦးတည်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ တစ်ခြား စီးပွားရေးများ ဖြစ်တဲ့ စမတ်ဖုန်း နဲ့အွန်လိုင်း ဗွီဒီယိုကဏ္ဍတွေပါ စုံစမ်းသွားဖို့ရှိပါတယ်။ Google ကတော့ အမေရိကန်တရားရေးဌာနကို ပြီးခဲ့တဲ့ ဈေးကွက်ဥပဒေချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုကြောင်း အချက်အလက်တွေ ပေးပို့ထားတယ်လို့ဆိုပါတယ်။


eMarketer ကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Google ဟာ အမေရိကန်ဒီဂျစ်တယ်ကြော်ငြာကဏ္ဍရဲ့ ၃၇% ကျော် လွှမ်းမိုးထားပြီး Facebook ကတော့ ၂၂% ကျော်နဲ့ဒုတိယနေရာမှာ ရှိနေပါတယ်။ serach advertising ဈေးကွက်မှာတော့ Google ဟာ ၇၅% အထိ လွှမ်းမိုးထားပြီး သူနဲ့အနီးဆုံးပြိုင်ဘက် Microsoft ဟာ ၇% နီးပါးပဲ ရထားတာပါ။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကပဲ Google ဟာ ပြိုင်ဘက်အွန်လိုင်း search ကြော်ငြာရှင်တွေကို ပိတ်ပင်တဲ့ အမှုနဲ့EU ရဲ့ စားသုံးသူအခွင့်အရေးကာကွယ်တဲ့ ဥပဒေအရ ဒေါ်လာ ၁.၇ ဘီလျံ ဒဏ်တပ်ခံခဲ့ရပါတယ်။


က္က