တစ်လတည်းနဲ့သုံးစွဲသူ သိန်းချီ ရှိလာတာပါ

တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G ကို စီးပွားဖြစ် သုံးစွဲနိုင်အောင် မိတ်ဆက်ထားတဲ့ နိုင်ငံပါ။


         5G ကွန်ရက်ကို Commercial ဖြန့်ကျက်ထားတဲ့ တောင်ကိုရီးယားမှာ ဧပြီလဆန်းပိုင်းက ရတဲ့ အချက်အလက်များအရ တယ်လီကွန်း ၃ ခုကနေ 5G subscribe လုပ်သူ ၂၆၀၀၀၀ ကျော် ရှိလာပြီ ဖြစ်တယ်လို့နိုင်ငံရဲ့ သိပ္ပံနဲ့အိုင်စီတီ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး GSMArena မှာ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားရဲ့ ထိပ်တန်း တယ်လီကွန်း လုပ်ငန်းစုကြီး ၃ ခု ဖြစ်တဲ့ SK Telecom ၊ LG Uplus နဲ့Korea Telecom (KT) တို့ပေါင်းပြီး ကမ္ဘာ့ပထမဆုံး 5G ဝန်ဆောင်မှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် ညသန်းခေါင်မှာ ကြေညာခဲ့ပါတယ်။



Photo: gsmarena

         Korea Telcom ဟာ တောင်ကိုရီးယားမှာ 5G subscriber အများဆုံး ဖြစ်ပြီး စုစုပေါင်း subscriber ၁ သိန်း ရှိထားတယ်လို့ဆိုပါတယ်။ LG Uplus နဲ့SK Telecom တို့ရဲ့ 5G Subscriber အရေအတွက်ကိုတော့ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ကနဦးပိုင်း 5G သုံးစွဲသူတွေဟာ Samsung Galaxy S10 5G သုံးပြီး 5G ကွန်ရက် သုံးစွဲချိန်မှာ လိုင်းဆွဲအား ပြဿနာ တက်ခဲ့တယ်လို့ဆိုပါတယ်။          

         "ကနဦးက 5G လိုင်းဆွဲအား အဆင်မပြေလို့တိုင်ကြားလာတဲ့ အချက်တွေကို ကျွန်တော်တို့ဖြေရှင်းထားပါတယ်။ ဒါပေမယ့်လည်း ဒီစနစ်ကို သုံးတဲ့သူ များလာပြီဆိုရင်တော့ နောက်လည်း ဒီလိုပြဿနာမျိုးတွေ ဖြေရှင်းဖို့မျှော်လင့်ရမှာပါ" လို့သိပ္ပံနဲ့အိုင်စီတီ ဝန်ကြီးဌာနက ဆိုပါတယ်။

Photo: Capacity Media


         တောင်ကိုရီးယား သိပ္ပံနဲ့အိုင်စီတီ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း 5G ကွန်ရက် လွှမ်းခြုံဖို့အတွက် 5G Base station ပေါင်း ၅၄၂၀၀ ကျော် ရှိထားတယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်မှာတော့ တောင်ကိုးရီးယားမှာ 5G ကွန်ရက်လွှမ်းခြုံမှုဟာ မြို့တော် ဆိုးလ်မှာတောင် နယ်မြေအလိုက် လိုင်းဆွဲအား အကန့်အသတ် ရှိနေပါတယ်။

         ဆွစ်ဇာလန်နိုင်ငံမှ Swisscom ကတော့ ဥရောပမှာ ပထမဆုံး 5G စမတ်ဖုန်းတွေ စတင်ရောင်းချတဲ့ တယ်လီကွန်းတစ်ခု ဖြစ်ပြီး Huawei Mate 20 X 5G ၊ OPPO Reno 10x 5G နဲ့Xiaomi Mi Mix 3 5G မော်ဒယ်တွေကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ Swisscom ဟာ Huawei ထုတ် 5G Home broadband modem တွေကို မြို့ပေါင်း ၁၅၀ မှာ စတင် အသုံးပြုနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က