နိုဝင်ဘာမှာ ဒေါ်လာ ၂ သန်းတန် PUBG ပြိုင်ပွဲဖိုင်နယ် ကျင်းပသွားမှာပါ

၁၆ နိုင်ငံက အသင်းတွေပါဝင်မယ့် PUBG Nations Cup ဂိမ်းပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်သွားတော့မှာပါ။


         Jangchung Arena မှာ လာမယ့် သြဂုတ်လ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပသွားမယ့် ဒီပြိုင်ပွဲမှာ Squad တစ်သင်းလျင် ပလေယာ ၄ ဦးနှုန်းနဲ့ပါဝင်ယှဉ်ပြိုင်နိုင်မှာပါ။ နိုင်ငံ ၁၆ နိုင်ငံအတွက် ကိုယ်စားပြုအသင်းအဖြစ် ရွေးရာမှာ သူတို့နဲ့ပြိုင်ဘက်တွေက ဖြစ်စေ နိုင်ငံအလိုက် သီးသန့်နည်းလမ်းတွေကနေ ဖြစ်စေ ရွေးချယ်သွားမယ်လို့eSports Insider မှာ ဖော်ပြထားပါတယ်။



Photo: The Clutch Esports

         ပြိုင်ပွဲဝင် အသင်းတွေကို မြောက်အမေရိက ၊ တောင်အမေရိက ၊ ဥရောပ ၊ အာရှနဲ့သြစတြေးလျတိုက်တို့ပါဝင်တဲ့ တိုက်ကြီး ၅ တိုက်မှ ရွေးချယ်သွားမှာ ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သိန်း ပေးသွားမယ်လို့ဆိုပါတယ်။ အသင်းတွေအနေနဲ့အာဂျင်တီးနား ၊ သြစတြေးလျ ၊ ဘရာဇီး ၊ ကနေဒါ ၊ တရုတ် ၊ ဖင်လန် ၊ ဂျာမဏီ ၊ ဂျပန် ၊ ရုရှား ၊ တောင်ကိုရီးယား ၊ ထိုင်း ၊ တူရကီ ၊ ယူကေ ၊ အမေရိကန် ၊ ဗီယက်နမ်နဲ့တိုင်ပေတို့ပါဝင်မှာပါ။

         " ဒီနှစ်ထဲမှာ PUBG ကနေ Global eSport အနေနဲ့ပထမဆုံး ကျင်းပလိုက်တဲ့ Nations Cup ဟာ ကမ္ဘာအနှံ့က နိုင်ငံကိုယ်စားပြု ထိပ်တန်း ကစားသမားတွေ စုစည်းပေးတဲ့ နိုင်ငံတကာ ပြိုင်ပွဲပါ။" လို့PUBG Corp ရဲ့ eSports ရေးရာ ညွှန်ကြားရေးမှူး Jake Sin က သတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ " Nations Cup ဟာ PUBG eSports ရဲ့ စိတ်ဝင်စားစရာ နွေရာသီတစ်ခု အပိတ်ပွဲပါ။ ဒီနှစ်ထဲမှာ ဒီအရှိန်အဟုန်ကို ဆက်ထိန်းပြီး တိုးတက်သွားဖို့မျှော်လင့်ပါတယ်။"

Photo: TechDiscussion

         PUBG eSport season ဟာ လက်ရှိမှာ Phase 2 အဆင့်မှာ ရောက်နေပြီး ဇွန်လထဲမှာ ပြီးဆုံးမှာပါ။ PUBG Nations Cup အရင်မှာ PUBG eSports ပြိုင်ပွဲအတွက် နိုင်ငံတကာ events နှစ်ခု ကျင်းပဖို့စီစဉ်နေပါတယ်။ အနောက်နိုင်ငံက အသင်းတွေအတွက် စတော့ခ်ဟုမ်းမှာ ဇူလိုင် ၁၉ ကနေ ၂၁ ရက်နေ့မှာ GLL Grand Slam: PUBG Classic ပွဲနဲ့ဇူလိုင် ၂၆ ကနေ ၂၈ ရက်နေ့ ဘန်ကောက်မှာ MET Asia Series: PUBG Classic ဆိုပြီး ကျင်းပသွားမှာပါ။

         PUBG ဟာ PUBG Mobile Club Open 2019 အတွက် လာမယ့် နိုဝင်ဘာမှာ ဒေါ်လာ ၂ သန်းတန် ဆုကြေး ပေးမယ့် ဖိုင်နယ်ပြိုင်ပွဲအတွက် season အလိုက် ပြိုင်ပွဲတွေ လုပ်ပေးနေပြီး လာမယ့် စက်တင်ဘာမှာ Phase 3 စတင်တော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က