ဗီယက်နမ်စက်ရုံကို ပြောင်းမှာပါ

သုံးလပတ်ဘဏ္ဍာရေး ရလဒ်တွေအရ စမတ်ဖုန်းဈေးကွက်မှာ အရှုံးပေါ်နေတဲ့ LG ဟာ ဒီနှစ်ထဲမှာ တောင်ကိုးရီးယားနိုင်ငံအတွင်းက စမတ်ဖုန်း ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားဖို့စီစဉ်နေပါတယ်။

         တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ LG အနေနဲ့မိခင်နိုင်ငံအတွင်း စမတ်ဖုန်း ထုတ်လုပ်မှု ရပ်တန့်ပြီး ဗီယက်နမ်က စက်ရုံမှာ စမတ်ဖုန်း ထုတ်လုပ်မှုလုပ်ဆောင်သွားမယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။ Yonhap သတင်းကို ကိုးကားပြီး ဖော်ပြခဲ့တဲ့ Reuters သတင်းမှာတော့ စမတ်ဖုန်းကဏ္ဍ ငွေကြေးအရှုံးပေါ်မှုကို ကုစားဖို့LG အနေနဲ့ဒေသတွင်း ဟန်းဆက်ထုတ်လုပ်မှုကို ဗီယက်နမ်ဆီ ပြောင်းဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။

         LG ရဲ့ မိုဘိုင်းဖုန်းစီးပွားရေးဟာ သုံးလပတ် ၇ ပတ်ကြာတဲ့အထိ အရှုံးပြနေပြီး ကမ္ဘာ့ TV ဈေးကွက်ထဲက ဈေးနှုန်းပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကလည်း ကုမ္ပဏီရဲ့ ပထမသုံးလပတ်ဝင်ငွေပေါ် အခက်တွေ့စေခဲ့တယ်လို့ဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။ LG ဟာ ဗီယက်နမ်မှာတင် စမတ်ဖုန်းစက်ရုံတည်ထားတာ မဟုတ်ဘဲ အိန္ဒိယ ၊ တရုတ်နဲ့ဘရာဇီးတို့မှာလည်း စက်ရုံများ ဖွင့်လှစ်ထားတာပါ။

         တောင်ကိုရီးယားမှာ ရှိတဲ့ LG စက်ရုံကတော့ ကုမ္ပဏီရဲ့ high-end စမတ်ဖုန်းတွေကို အဓိက ထုတ်လုပ်ပေးနေတာ ဖြစ်ပြီး LG ကနေ ထုတ်လုပ်သမျှ စမတ်ဖုန်းစုစုပေါင်းရဲ့ ၁၀% ကနေ ၂၀% ဟာ တောင်ကိုရီးယားစက်ရုံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးသင့်စမတ်ဖုန်းဈေးကွက်မှာလည်း LG ဟာ ပြိုင်ဘက်တရုတ်စမတ်ဖုန်းကုမ္ပဏီတွေကို ယှဉ်နိုင်ခြင်း မရှိသေးပါဘူး။  လောလောဆယ် ဒီသတင်းအပေါ် LG အနေနဲ့အတည်ပြု မှတ်ချက်မပေးထားသေးပါဘူး။

Share

Loading Next Article...
က္က