လူမှုကွန်ရက်သုံးစွဲသူများအကြား ပြန်ပြီးခေတ်စားလာနေတဲ့ FaceApp ဟာ ကိုယ်ရေးအချက်အလက်လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းတယ်လို့ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း Facebook လူမှုကွန်ရက်ပေါ်မှာ လူတစ်ယောက်ရဲ့ ဓါတ်ပုံကို ဆန့်ကျင်ဘက်လိင်ပုံစံအဖြစ် မြင်ရအောင် ဖန်တီးပေးနိုင်တဲ့ FaceApp အက်ပလီကေးရှင်းကို လူသုံးများလာပါတယ်။ FaceApp ဟာ လူတစ်ယောက်ရဲ့ အသက်အရွယ်ကိုပါ AI နည်းပညာနဲ့ ပြောင်းပေးနိုင်တဲ့ app ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စတင် ထွက်ရှိခဲ့တာပါ။


Photo: Forbes

FaceApp ကို ရုရှားအခြေစိုက် Wireless Lab မှ Android ၊ iOS ဗားရှင်းနှစ်မျိုးနဲ့ ဖြန့်ချိထားတာ ဖြစ်ပြီး စထွက်ကတည်းက နေ့ချင်းညချင်း နာမည်ကြီးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ လူမှုကွန်ရက်သုံးစွဲသူတွေအကြား #FaceApp Challenge အဖြစ် နာမည်ကြီးခဲ့ပါတယ်။ တစ်ချိန်တည်းမှာ FaceApp သုံးသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေးအတွက် ကာလရှည် မေးခွန်းထုတ်ခံရတာတွေ ရှိပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ ဖိလစ်ပိုင်ကွန်ပျူတာပညာရှင်များသမဂ္ဂ CPU ဟာ FaceApp သုံးစွဲသူတွေအနေနဲ့ လုံခြုံရေးအန္တရာယ်ရှိတယ်လို့ သတိပေးခဲ့ပါတယ်။ "ဒီ app ကို သုံးခြင်းအားဖြင့် FaceApp နဲ့ သူတို့ရဲ့ database ကို ယူခွင့်ပေးထားတဲ့သူတွေဆီ ပုဂ္ဂလိကဒီဂျစ်တယ်ပုံရိပ်ကို ရယူခွင့်ပေးပြီး လိုသလို အသုံးပြုခွင့်ပေးရာရောက်ပါတယ်။" လို့ CPU က ဆိုပါတယ်။

FaceApp မှာ ပါတဲ့ စည်းမျဉ်းအချက်အလက်တွေထဲမှာလည်း သုံးစွဲသူတွေ ဖန်တီးလိုက်တဲ့ content တွေကို ကုမ္ပဏီအနေနဲ့ ရယူနိုင်ခွင့် ၊ မူပိုင်ကြေး ပေးစရာမလိုဘူးဆိုတဲ့ အချက်တွေ ပါနေပါတယ် ။ content ထဲမှာ ဓါတ်ပုံအပြင် ဗွီဒီယို ၊ မက်ဆေ့ချ် ၊ စာသား ၊ ဆော့ဖ်ဝဲလ်နဲ့ တစ်ခြား ဖန်တီးလိုက်တဲ့ အရာတွေ ၊ app သုံးပြီး တင်တဲ့ ပို့စ်တွေ ၊ Share တာကနေ သိမ်းထားတာအထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Photo: MSN

App စည်းကမ်းတွေထဲမှာ FaceApp ဟာ သုံးစွဲသူတွေရဲ့ အကြောင်းအရာနဲ့ ပတ်သတ်လို့ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ပါရှိပါတယ်။ အချက်အလက် နဲ့ မျက်နှာပြင်ပုံရိပ်လိုမျိုး ဇီဝအချက်အလက်တွေ ထုတ်ယူမှုကို သုံးပြီး ကိုယ်ရေးအချက်အလက် ခိုးယူမှု ၊ တလွဲအသုံးပြုမှု ၊ အသရေဖျက်မှု ၊ ခြိမ်းခြောက်ငွေညှစ်မှုတွေအထိ လုပ်နိုင်တယ်လို့လည်း Cyber Security Philippines က ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ချက်စ်ကမ်းမားဟာ FaceApp ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ FBI နဲ့ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်ကို တောင်းဆိုခဲ့ပါတယ်။ FaceApp ကတော့ သုံးစွဲသူအနေနဲ့ Edit လုပ်ဖို့ ရွေးချယ်တဲ့ ဓါတ်ပုံကိုပဲ Cloud ပေါ် တင်တာ ဖြစ်ပြီး ဖုန်းထဲက တစ်ခြားပုံတွေကို တင်ခြင်း မရှိဘူးလို့ ထုတ်ပြန်ထားသလို ဓါတ်ပုံအများစုကို Update တင်ပြီး ၄၈ နာရီအတွင်း ဆာဗာထဲကနေ ဖျက်လိုက်တယ်လို့ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က