bug ကို ပြင်ဖို့လုပ်နေပါတယ်
Nyein Min Wai

Facebook သုံးနေရင်း ကင်မရာပွင့်လာတဲ့ ပြဿနာကို iPhone သုံးသူအတော်များများ တွေ့ကြုံနေရတယ်လို့ သတင်းပို့ထားပါတယ်။

Twitter ပေါ်မှာ ဒီပြဿနာအကြောင်း တင်ပြမှု အများအပြား တက်လာတာဖြစ်ပြီး Facebook ပေါ်က ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေ ကြည့်နေချိန်မှာ နောက်ကွယ်ကနေ ကင်မရာ ပွင့်လာတာ ဖြစ်တယ်လို့ CNET သတင်းက ဆိုပါတယ်။ ဒီပြဿနာနဲ့ ကြုံခဲ့တဲ့ users အတော်များများကတော့ Facebook app ရဲ့ iOS ဗားရှင်းက bug ကို နိုဝင်ဘာလဆန်းပိုင်းက စပြီး တွေ့ခဲ့တာပါ။





Facebook သုံးရင်း ကင်မရာပွင့်လာတဲ့ အခြေအနေကို နောက်ဆုံးထွက် iOS 13 တင်ထားတဲ့ iPhone သုံးစွဲသူတွေနဲ့ app မှာ ကင်မရာနဲ့ မိုက်ခရိုဖုန်း access ပေးထားတဲ့သူတွေပဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီ bug ဟာ Facebook app ထဲက story view နဲ့ ဆက်စပ်မှုရှိမယ်လို့ ယူဆနေကြပြီး Facebook ဘက်ကတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

" မကြာသေးခင်ကပဲ Facebook iOS app ရဲ့ ဗားရှင်း 244 မှာ landscape mode အတိုင်း ထားချိန်မှာ လုပ်ဆောင်ချက် မမှန်တာ တွေ့ရပါတယ်။" လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူက ပြောပါတယ်။ " ပြီးခဲ့တဲ့ တစ်ပတ် နိုဝင်ဘာ ၈ ရက်နေ့က ဗားရှင်း 246 နဲ့ ဒီပြဿနာကို ဖြေရှင်းချိန်မှာ ဓါတ်ပုံတွေ tap လုပ်ပြီး ဝင်ကြည့်တာနဲ့ News Feed မှာ ကင်မရာ screen တက်လာတဲ့ bug တစ်ခု မထင်မှတ်ဘဲ ထွက်လာတာ ဖြစ်ပါတယ်။"


Facebook ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အဆိုအရ ဒီ bug ကြောင့် ဓါတ်ပုံတွေ ဗွီဒီယိုတွေ upload တက်သွားတာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ bug ကိုလည်း Apple ရဲ့ ခွင့်ပြုချက်နဲ့ ပြင်ဖို့ တင်သွင်းထားတယ်လို့ သိရပါတယ်။



က္က