Shopping လောကမှာ Facebook ကြီးစိုးလာမလား

     Libra ဟာ Facebook ကနေ လုပ်နေတဲ့ ပရောဂျက်တစ်ခု ဖြစ်ပြီး ငွေကြေးအစားထိုး Cryptocurrenc token တစ်ခု ထုတ်လုပ်ဖို့အတွက် ကြိုးပမ်းနေတဲ့ ပရောဂျက်လည်း ဖြစ်ပါတယ်။

         Facebook ရဲ့ cryptocurrency သစ်ဟာ လာမယ့်နှစ်မှာ Global Launch လုပ်သွားမယ်လို့သတင်းတွေ ထွက်ထားပေမယ့် The Information သတင်းမှာတော့ ဒီလထဲမှာတင် ကြေညာသွားဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။ Libra ပရောဂျက်မှာ အလုပ်လုပ်နေတဲ့ Facebook ရဲ့ ဝန်ထမ်းတွေကိုလည်း ငွေသားအစား cryptocurrency token နဲ့ပေးနိုင်အောင် ရွေးချယ်ခွင့်ပေးထားတယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။



Photo: wired

         ဒီ cryptocurrency သစ်ကို Facebook ဝန်ထမ်းတွေအပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေလို အစိုးရသုံး ငွေကြေးတွေ အဆင်မပြေတဲ့နိုင်ငံတွေမှာ ဖြန့်ချိဖို့လည်း ရည်ရွယ်ထားတယ်လို့The Information က ဖော်ပြထားပါတယ်။ Facebook အနေနဲ့token တွေကို WhatsApp ၊ Messenger စတဲ့ Facebook ရဲ့ ဝန်ဆောင်မှုတွေမှာ အဓိကသုံးသွားဖို့လည်း ရှိသလို ATM စက်တွေလိုမျိုးကနေ ထုတ်ယူနိုင်အောင်လည်း စီစဉ်နေတယ်လို့ဆိုပါတယ်။

         Facebook ရဲ့ cryptocurrency စနစ်နဲ့ငွေပေးငွေချေလုပ်တဲ့ ကုန်သည်တွေကိုလည်း ဘောနပ်စ်ပေးသွားမှာ ဖြစ်ပြီး ဒါဟာ e-Commerce လောကထဲ ဝင်ဖို့Facebook ရဲ့ ခြေလှမ်းတစ်ရပ်လို့ဆိုနိုင်ပါတယ်။ Facebook ဟာ F8 Developer Conference မှာ အသစ်ထွက်လာမယ့် Shopping features တစ်ချို့မိတ်ဆက်သွားခဲ့ပါတယ်။ ဒီထဲကမှာ Instagram ကနေ Influencers တွေ ရောင်းတဲ့ ပစ္စည်းကို တိုက်ရိုက် ဝယ်နိုင်တာ ၊ WhatsApp မှာ ကုမ္ပဏီတွေအနေနဲ့သူတို့ရဲ့ ထုတ်ကုန်စာရင်းတွေ တင်တာအပြင် Facebook app ထဲကနေ ပစ္စည်းတွေ ရောင်းနိုင်မယ့် Facebook Marketplace တွေအထိ ပါလာခဲ့ပါတယ်။

Photo: fossbytes


         လက်ရှိမှာ Facebook ကို သုံးစွဲသူ သန်း ၂၃၀၀ ကျော် ရှိနေတာကြောင့် Facebook ရဲ့ cryptocurrency tokens ဟာ အကြီးစား ဈေးကွက်ကြီးတစ်ခု ဖြစ်လာဖို့ရှိပါတယ်။ Facebook အနေနဲ့token အသုံးပြုမှုအတွက် အစိုးရတွေဆီက ခွင့်ပြုချက်တောင်းခံနေပြီး ဒီထဲမှာ ID verify ဖြစ်မှု အပြင် ငွေကြေးလိမ်လည်မှုတွေ မဖြစ်ဖို့ကာကွယ်တဲ့ နည်းလမ်းတွေပါ ရှာနေတယ်လို့ဆိုပါတယ်။

         Cryptocurrency တစ်ခု ကိုယ်ပိုင်ထုတ်ဖို့အတွက် Facebook ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Chainspace လို့ခေါ်တဲ့ blockchaing startup တစ်ခုမှ အဖွဲ့တစ်ခုကို ငှားရမ်းခဲ့ပါတယ်။ Facebook ဟာ ဒီဘဏ္ဍာရေးနည်းပညာကုမ္ပဏီကို Libra Networks လို့လည်း နာမည်ပေးသွားဖို့ရှိတယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က