Libra Association အတွက် အဖွဲ့ဝင်သစ်တွေ ခန့်အပ်သွားဖို့ ရှိပါတယ်

Vodafone ဟာ Facebook ရဲ့ ဒီဂျစ်တယ်ငွေကြေး ပရောဂျက်ဖြစ်တဲ့ Libra ကနေ ထွက်ခွာတဲ့ ၈ ခုမြောက် မိတ်ဘက်ကုမ္ပဏီ ဖြစ်လာပါတယ်။

"Vodafone Group အနေနဲ့ Libra Association ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစကတည်းက Vodafone ဟာ ဘဏ္ဍာရေးနယ်ပယ် တိုးချဲ့မှုမှာ ဖြောင့်မတ်စွာရပ်တည်ပါဝင်မယ်လို့ ပြောထားပါတယ်။ ဒီအတိုင်းပဲ အပြည့်အဝ ဆက်လက်ရပ်တည်မှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ မိုဘိုင်းငွေပေးပလက်ဖောင်း ဖြစ်တဲ့ M-Pesa မှာပဲ အများဆုံးအာရုံစိုက်သွားမှာပါ" လို့ Vodafone ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။




Photo: En24 News

ဒီနှစ်ထဲမှာ စတင်သွားမယ့် Libra ငွေကြေး ဝန်ဆောင်မှုကို Facebook နဲ့ Visa ၊ Mastrcard ၊ PayPal ၊ Lyft Coinbase နဲ့Uber စတဲ့ ကုမ္ပဏီပေါင်း ၂၈ ခု ပါဝင်တဲ့ Libra Association က ထိန်းချုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ Libra ကနေ ပထမဆုံး နှုတ်ထွက်သွားတာကတော့ PayPal ပါ။

Libra cryptocurrency သစ် မိတ်ဆက်ပြီး ၄ လခန့်အကြာမှာ PayPal ဟာ ဒီပရောဂျက်ကို ထိန်းကျောင်းနေတဲ့ Libra Association ကနေ အရင်ဆုံးနှုတ်ထွက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆက်တိုက်ဆိုသလို Mastercard ၊ Visa ၊ eBay ၊ Stripe ၊ Mercado Pago နဲ့ Booking Holdings စတဲ့ ကုမ္ပဏီ ၆ ခုလည်း နှုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လထဲမှာ စတင်ထုတ်ဖော် မိတ်ဆက်ခဲ့တဲ့ Facebook ရဲ့ Libra ပရောဂျက်ကို နိုင်ငံတကာဥပဒေပြုအမတ်တွေနဲ့ ခေါင်းဆောင်တွေက စိုးရိမ်မှု ရှိခဲ့ပါတယ်။ Libra လိုမျိုး Cryptocurrency တွေဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွက် ပြဿနာရှိနိုင်တယ်လို့လည်း ယူဆခဲ့ပါတယ်။

Libra Association အဖွဲ့ဝင်ကုမ္ပဏီတွေဟာ အနည်းဆုံး ဒေါ်လာ ၁၀ သန်းစီ ထည့်ဝင်ပြီး မတည်ထားတာပါ။ Libra ဟာ ဘဏ်အကောင့်မရှိသူ သန်း ၁၇၀၀ ကို ပစ်မှတ်ထားပြီး ထွက်ရှိလာတဲ့ cryptocurrency ဖြစ်သလို တစ်ကမ္ဘာလုံးက အသုံးပြုနိုင်တဲ့ ငွေကြေးဖြစ်အောင် ဖန်တီးဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။


Photo:entrackr

ဒီနှစ်ထဲမှာ Libra Association ကို အဖွဲ့ဝင်သစ်တွေ နဲ့ ထပ်မံ ဖွဲ့စည်းသွားဖို့ ရှိပြီး ဒီအဖွဲ့မှာ ပါဝင်နိုင်ဖို့ စောင့်နေတဲ့ ကုမ္ပဏီပေါင်း ၁၅၀၀ ကျော် ရှိနေတယ်လို့ CoinDesk သတင်းက ဆိုပါတယ်။ လက်ရှိ အဖွဲ့ဝင်တွေရဲ့ သုံးပုံနှစ်ပုံခန့်ကလည်း နောက်ထပ် အဖွဲ့ဝင်သစတွေ ထည့်သွင်းဖို့ သဘောတူနေကြတယ်လို့ သတင်းထွက်ထားပါတယ်။

Libra ကနေ နှုတ်ထွက်သွားတဲ့ Vodafone ကတော့ M-Peasa ငွေပေးငွေချေ ဝန်ဆောင်မှုကို လက်ရှိအာဖရိက ၆ နိုင်ငံ ဈေးကွက်ကနေ ဆက်လက်တိုးချဲ့သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က