သမီးရည်းစား‌တွေအတွက် private chat room တစ်ခုပါ

Facebook ဟာ ချစ်သူရည်းစားတွေ နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် private message အပြန်အလှန်ပေးပို့နိုင်မယ့် app သစ် မိတ်ဆက်လိုက်ပါတယ်။

Tuned လို့ ခေါ်တဲ့ ဒီ app သစ်ဟာ စုံတွဲများ အချင်းချင်း မက်ဆေ့တွေပို့လို့ရသလို ဓါတ်ပုံတွေနဲ့ တေးသီချင်းတွေလည်း ဖလှယ်နိုင်မှာပါ။ ဒါ့အပြင် ဒီဂျစ်တယ်မှတ်တမ်းစာအုပ်တစ်ခုလည်း ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ Tuned app ဟာ အမေရိကန်နဲ့ ကနေဒါက Apple App Store ပေါ်မှာပဲ ဖြန့်ချိထားတာ ဖြစ်တယ်လို့ Sensor Tower က ဖော်ပြထားပါတယ်။



Photo: The Verge

ဒီ app ကို Facebook ကုမ္ပဏီအတွင်းက New Product Experimentation (NPE) ဆိုတဲ့ အဖွဲ့လေးက ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ NPE ရဲ့ အဆိုအရ Tuned app ဟာ "နှစ်ယောက်အကြားက ကိုယ်ရေးကိုယ်တာအားလုံး ထားလို့ရမယ့် သီးသန့်နေရာ" တစ်ခု ဖြစ်တယ်လို့ ပြောထားပါတယ်။ 

Tuned app ဟာ စုံတွဲတွေအကြား သီချင်းတွေ အတူတူမျှဝေဖို့ Spotify နဲ့ ချိတ်ဆက်ထားပြီး ဓါတ်ပုံများ ၊ မှတ်စုများ ၊ အမှတ်တရကဒ်များနဲ့ အသံဖိုင်များ အပြန်အလှန်ပေးပို့နိုင်မယ်လို့ The Information က ပြောထားပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် စတစ်ကာနဲ့ reaction တွေလည်း သုံးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Facebook အကောင့် မရှိလည်း ဒီ app ကို သုံးနိုင်မှာ ဖြစ်ပေမယ့် အချက်အလက်မူဝါဒစည်းမျဉ်းကတော့ Facebook အတိုင်းပဲ ဖြစ်တာကြောင့် အချက်အလက်တွေကို ကြော်ငြာစီးပွားရေးအတွက်လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း Dating service ဝန်ဆောင်မှုတစ်ခု မိတ်ဆက်ခဲ့ပြီး နိုင်ငံပေါင်း ၂၀ ခန့်မှာ မိတ်ဆက်ထားပါတယ်။

Tuned ဟာ လူမှုကွန်ရက်ကဏ္ဍအရ လက်ရှိ အမေရိကန်မှာ နံပါတ်စဉ် ၈၇၂ နဲ့ ကနေဒါမှာ နံပါတ်စဉ် ၅၅၀ မှာ ရှိနေတယ်လို့လည်း Sensor Tower က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က