ကျန်ရှိနေတဲ့ နိုင်ငံရေးပါတီ စာမျက်နှာတွေလည်း ဆက်လက်အတည်ပြုသွားမှာပါ

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်တွင်းနိုင်ငံရေးပါတီများရဲ့ တရားဝင် Facebook လူမှုကွန်ရက်စာမျက်နှာများကို အတည်ပြုပေးနေတယ်လို့ ဆိုပါတယ်။

Facebook ဟာ ပြည်တွင်းမှာ ရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပါတီစာမျက်နာတွေကို အတည်ပြုအမှတ်အသားဖြစ်တဲ့ "အပြာရောင် အမှန်ခြစ်" ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေအနေနဲ့ တရားဝင် နိုင်ငံရေးပါတီစာမျက်နှာအစစ်အမှန်နဲ့ အယောင်ဆောင် Facebook စာမျက်နှာတွေကို အလွယ်တကူ ခွဲခြားနိုင်စေဖို့ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။



Blue Mark ရထားသည့် နိုင်ငံရေးပါတီတစ်ခု (Photo: ပြည်သူ့ပါတီ Facebook )

နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီ စာမျက်နှာများ အတည်ပြုနိုင်ရေးအတွက် Facebook ဟာ "ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့" (DIPD) နဲ့ International Republican Institute (IRI) တို့လို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေးပါတီပေါင်း ၄၀ အတွက် Blue Mark ထုတ်ပေးထားပြီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီတစ်ခုဟာ တရားဝင် Facebook စာမျက်နှာ အတည်ပြုမှု ရယူဖို့အတွက် ပထမအဆင့်အနေနဲ့ နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီ Facebook စာမျက်နှာ အတည်ပြုထားဖို့ လိုပါတယ်။ ဒါ့အပြင် တိကျတဲ့ Page အချက်အလက်များ ၊ Page Name နဲ့ အသစ်ဖွင့်ထားတဲ့ စာမျက်နှာအတွက် အနည်းဆုံး ပို့စ်တစ်ခု ရှိနေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Blue Mark အတည်ပြုမှု ရယူဖို့အတွက် နိုင်ငံရေးပါတီတွေဟာ အများပြည်သူ ဝင်ရောက်ပေးပို့နိုင်တဲ့ လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး https://www.facebook.com/help/contact/342509036134712 လင့်ခ်အတိုင်း တောင်းဆိုမှု လုပ်နိုင်မှာပါ။ Facebook ဟာ ကျန်ရှိနေတဲ့ ပါတီနဲ့ နိုင်ငံရေးပါတီ Facebook စာမျက်နှာအသစ်တွေကိုလည်း အတည်ပြုပေးဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က