ဗုဒ္ဓဟူးနေ့က စတင် ကြားနာခဲ့တာပါ

လူဖြူလူမျိုးကြီးဝါဒကို ပျံ့နှံ့စေမှုနဲ့Facebook နဲ့Google တို့မှ ထိပ်တန်းကိုယ်စားလှယ်တွေကို အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေမှ ကြားနာစစ်ဆေးမှုတစ်ရပ်လုပ်ဆောင်ခဲ့ပါတယ်။

         ဆီးနိတ်တရားရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကြားနာမှု စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ Facebook ရဲ့ အများပြည်သူ မူဝါဒရေးဒါရိုက်တာ နီးလ်ပေါ့စ် ၊ Google ဘက်မှ လွတ်လပ်စွာ ဖော်ပြခွင့်နဲ့လူ့အခွင့်အရေးအတိုင်ပင်ခံ အလက်ဇန်းဒရီးယား ဝယ်ဒန်တို့တက်ရောက်ခဲ့ပါတယ်။ ဒီကုမ့စီနှစ်ခုစလုံးဟာ အမုန်းစကား တိုက်ဖျက်ရေးနဲ့ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှု ခံယူခဲ့ရတာပါ။



Photo: MSN.com

         ဆပ်ကော်မတီဟာ ၂၀၁၇ ခုနှစ်က လူတစ်ယောက် သေဆုံးစေမှုဖြစ်ခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ် ချာလော့တီစ်ဗေးလ်အရပ်မှာ လူဖြူလူမျိုးစွဲဆန္ဒပြပွဲတစ်ခု ၊ လူ ၁၁ ယောက် သေဆုံးစေခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပစ်စ်စဘာ့ဂ်ပစ်ခတ်မှုနဲ့ပြီးခဲ့တဲ့ မတ်လထဲက နယူးဇီလန် Christchurch ဗလီ ၂ ခုမှာ ဝတ်ပြုနေတဲ့ မွတ်စလင် ၅၀ ကို ပစ်ခတ်သတ်ဖြတ်ပြီး Livestream လွှင့်ခဲ့တဲ့ အမှုတွေအပါအဝင် အမုန်းတရားဖြစ်စေမယ့် အကြောင်းအရာများ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့စေမှုကိုလည်း ဖိအားပေး မေးမြန်းခဲ့ပါတယ်။

         နယူးဇီလန်ပစ်ခတ်မှုမှာ လုပ်ကြံခဲ့သူဟာ Facebook ပေါ်ကနေ ဒီပစ်ခတ်မှုကို Live လွှင့်ခဲ့ပြီး ဒီဗွီဒီယိုဟာ Twitter နဲ့Google ပိုင် YouTube အပါအဝင် တစ်ခြားလူမှုကွန်ရက်တွေပေါ်ပါ ပျံ့နှံ့သွားခဲ့တာပါ။ ဒီလို ပျံ့နှံ့ခဲ့ပြီးနောက် အမုန်းစကား တိုက်ဖျက်မှုပေါ် နည်းပညာကုမ္ပဏီတွေရဲ့ စွမ်းဆောင်မှုကို မေးခွန်းထုတ်မှု မြင့်တက်လာခဲ့ပါတယ်။

         "နည်းပညာကုမ္ပဏီကြီးတွေဟာ သူတို့သဘောမတူတဲ့ အရာတွေကို တိတ်ဆိတ်ခြင်း အသံရဲ့ စွမ်းအားကို အသုံးချနိုင်စွမ်း ရှိသလို နိုင်ငံရေး agenda အရ သူတို့သဘောတူတဲ့အပေါ်မှာလည်း လူတစ်ယောက်ကို အဲသလို လက်ခံစေနိုင်တဲ့ စွမ်းအားရှိပါတယ်" လို့ဖွဲ့စည်းပုံဆိုင်ရာ ဆီးနိတ် တရားရေးကော်မတီရဲ့ ဆပ်ကော်မတီဆိုင်ရာ ဥက္ကဌ တက်ဒ်ခရူးစ်မှ ပြောထားပါတယ်။

         CNET သတင်းမှာလည်း နိုင်ငံရေးဆင်ဆာတားမြစ်မှုကို ခြိမ်းခြောက်ရာမှာ ပြဿနာဖြစ်စေတာက ပွင့်လင်းမြင်သာမှု ကင်းမဲ့တာ ဖြစ်တယ်လို့လည်း ခရူးစ်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေကတော့ political agenda တွန်းအားပေးတာတွေ လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲမှုကို ငြင်းဆန်ထားပါတယ်။

Photo: Recode

         " နိုင်ငံရေးအမြင်အခြေခံတဲ့ အကြောင်းအရာတွေကို ဖိနှိပ်တာ ၊ သူတို့အတွက် အရေးကြီးဆုံး အကြောင်းတွေ ကြည့်တာကို တားမြစ်တာဟာ Facebook ရဲ့ mission နဲ့တိုက်ရိုက် ဆန့်ကျင်နေပါတယ်" လို့နီးလ်ပေါ့စ်က ပြောပါတယ်။

         Twiitter ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ ကားလို့စ်မွန်ဂျေးလ်မှလည်း ကုမ္ပဏီအနေနဲ့ငါးပတ်အတွင်း တက်ခဲ့တဲ့ Tweets တွေကို ပြန်စစ်ဆေးခဲ့ပြီး ဒီမိုကရက်တစ်တွေနဲ့ရီပတ်ဘလစ်ကန် နှစ်ဘက်စလုံးမှာ တင်ထားတဲ့ Tweet တွေရဲ့ reach တွေအကြား စာရင်းအရ သိသာတဲ့ ခြားနားမှု မတွေ့ခဲ့ဘူးလို့ခုခံပြောကြားခဲ့ပါတယ်။

         ဆီးနိတ်ကြားနာမှုမလုပ်ခင်မှာ တရားရေးရှေ့နေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Electronics Frontier Foundation မှ နည်းပညာပလက်ဖောင်းတွေဟာ ကွန်ဆာဗေးတစ်တွေရဲ့ content ကို ဆန့်ကျင်ပြီး နိုင်ငံရေးအရ စနစ်တကျဘက်လိုက်မှုလုပ်ဆောင်နေတာ အထောက်အထား မတွေ့ရကြောင်း အဖွဲ့အစည်းရဲ့ blog မှာ ရေးသားခဲ့ပါတယ်။

         အမေရိကန်သမ္မတထရမ့်ဟာ နည်းပညာကုမ္ပဏီကြီးတွေဟာ နိုင်ငံရေးဘက်လိုက်မှု ရှိကြောင်း ဝေဖန်ခဲ့ပြီး သူ့မိန့်ခွန်းတွေကို Google Search Engine အနေနဲ့promote မလုပ်ဘဲ ချန်လှပ်ဖိနှိပ်ထားတာ ရှိတယ်လို့ပြောကြားခဲ့ဖူးပါတယ်။ Google ၊ Facebook နဲ့Twitter တို့ဟာ တကယ်ပဲ နည်းပညာ ဆင်ဆာ တားမြစ်မှုတွေ ချိုးဖောက်ခဲ့သလားဆိုတာ မကြာခင်မှာ အဖြေပေါ်လာဖို့ရှိပါတယ်။

Share

Loading Next Article...
က္က