စမ်းသပ်မှုတော့ မလုပ်ရသေးပါဘူး။
Nyein Min Wai

ပြီးခဲ့တဲ့ ဇူလိုင်ကစပြီး Instagram ဟာ ပို့စ်တွေမှာ Like ဘယ်နှစ်ခု ရနေသလဲဆိုတာကို မပြဖို့စမ်းသပ်ထားပါတယ်။ Facebook မှာလည်း ဒီ feature မျိုး ပါလာဖို့ရှိပါတယ်။


Instagram ဟာ Like ဘယ်လောက် ရသလဲဆိုတာထက် လူမှုကွန်ရက် သုံးစွဲသူ မျှဝေလိုက်တဲ့ ပုံနဲ့ဗွီဒီယိုတွေကို ပိုအာရုံစိုက်စေဖို့အတွက် like counts ပိတ်ခဲ့တာပါ။ Instagram ရဲ့ မိခင် ကုမ္ပဏီ Facebook ဟာလည်း ဒီစနစ်ကို ကျင့်သုံးဖို့စဉ်းစားနေတယ်လို့Tech Crunch က ဖော်ပြထားပါတယ်။

Photo: techcrunch

App သုတေသီ ဂျိန်းမန်ချွန်းဝမ်တွေ့ရှိထားတဲ့ Facebook အန်းဒရိုက် အက်ပလီကေးရှင်းထဲက code အရ Facebook ဟာ ပို့စ်ပိုင်ရှင်ကလွဲရင် တစ်ခြားသူတွေအနေနဲ့ဒီပို့စ်မှာ like ဘယ်လောက် ရနေလဲဆိုတာကို ဂဏန်းအရေအတွက်နဲ့မပြဘဲ ဝှက်ထားတာ တွေ့ရပါတယ်။ တကယ်လို့like အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ သိချင်သူတွေဟာ emoji နဲ့reaction တွေထဲ ဝင်ပြီး တစ်ယောက်ချင်း လိုက် Count လုပ်ရတော့မှာပါ။

Facebook ကုမ္ပဏီကိုယ်တိုင်ကလည်း like count တွေ ဝှက်မယ့် စမ်းသပ်မှုတစ်ခု လုပ်ဖို့စဉ်းစားနေတယ်လို့Tech Crunch ကို အတည်ပြုထားပေမယ့် အခုထိတော့ မစမ်းသပ်ရသေးဘူးလို့လည်း ဆိုပါတယ်။ ပို့စ်တွေမှာ like counts ဖော်ပြမှု ပိတ်ထားခြင်းဟာ လူမှုကွန်ရက်သုံးစွဲသူတွေအတွက် အပြုသဘောဆန်တယ်လို့လည်း အများက ယူဆထားပါတယ်။

Instagram ဟာ ပို့စ်တွေနဲ့ပုံတွေအောက်မှာ like အရေအတွက် ဖော်ပြမှု ပိတ်ပင်ခြင်းကို ကနေဒါနိုင်ငံမှာ စတင် စမ်းသပ်ခဲ့ပြီး အခုဆို ဘရာဇီး ၊ သြစတြေးလျ ၊ အိုင်ယာလန် ၊ အီတလီ ၊ ဂျပန်နဲ့နယူးဇီလန်တို့မှာလည်း စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။


က္က