loading...

loading...

loading...

Facebook ရဲ့ ခြေလှမ်းသစ်တွေက ခပ်စိပ်စိပ်ပါပဲ
Nyein Min Wai

၂၀၁၉ နှစ်ဆန်းပိုင်းက မတ်ခ်ဇူကာဘတ်ဟာ Instagram ၊ WhatsApp နဲ့ Messenger app သုံးခုကို တစ်ခုတည်းပေါင်းပြီး ဝန်ဆောင်မှုပေးဖို့စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုဆို ဒီအစီအစဉ်ဟာ လက်တွေ့ဖြစ်လာပြီ ဖြစ်ပါတယ်။



Facebook ပိုင် လူမှုကွန်ရက်တွေ ဖြစ်တဲ့ Messenger ၊ Instagram နဲ့ WhatsApp အားလုံးအတွက် တစ်ခုတည်းသော payment service အဖြစ် ကုမ္ပဏီဟာ Facebook Pay ဝန်ဆောင်မှုကို ကြေငြာလိုက်တာပါ။ Facebook Pay ဟာ Facebook app ထဲမှာ အလုပ်လုပ်မယ့် ငွေပေးငွေချေ ဝန်ဆောင်မှု ဖြစ်လာမှာ ဖြစ်ပြီး Instagram ၊ Messenger နဲ့ WhatsApp တို့ကနေလည်း အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် တစ်နေရာတည်းအပြီး one payment solution ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Photo: GSMArena


Facebook Pay ကို ယခုတစ်ပတ်က စလို့ အမေရိကန်မှာ Facebook နဲ့ Messenger တို့ပေါ် ဖြန့်ချိထားပြီး ရန်ပုံငွေအသင်းတွေ ၊ in-game items နဲ့ ပွဲလက်မှတ်တွေ ဝယ်တာ ၊ အချင်းချင်း ငွေလွှဲတာနဲ့ Facebook Marketplace ပေါ်က စီးပွားရေးလုပ်ငန်းတွေ ၊ Page တွေပေါ်က ပစ္စည်းဝယ်တာမျိုးတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ GSMArena သတင်းက ဆိုပါတယ်။

ဒီဝန်ဆောင်မှုကို Instagram နဲ့ WhatsApp တို့မှာလည်း မကြာခင် သုံးနိုင်မှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ထဲ ဖြန့်ချိသွားဖို့ရှိပေမယ့် မိတ်ဆက်မယ့်ရက် ထွက်မလာသေးပါဘူး။ Facebook Pay ဟာ ကုမ္ပဏီပိုင် လူမှုကွန်ရက် apps တွေအကြား ငွေလွှဲငွေထုတ် ကိစ္စတွေကို လွယ်လင့်တကူ အဆင်ပြေပြေ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတဲ့ ဝန်ဆောင်မှု ဖြစ်ပြီး သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုရှိအောင် ကာကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။

Facebook Pay မှာ ကိုယ်ကြိုက်တဲ့ ငွေချေစနစ် ထည့်သွင်းနိုင်ပြီး ဒီဝန်ဆောင်မှု သုံးနိုင်တဲ့ နေရာတိုင်းမှာ နောက်တစ်ကြိမ် ကိုယ့်ရဲ့ ကတ်အချက်အလက်တွေ ပြန်ဖြည့်သွင်းစရာမလိုဘဲ ငွေပေးချေနိုင်မှာပါ။ Facebook Pay ကို app အချင်းချင်းအကြား ငွေလွှဲငွေချေဖို့နဲ့ Facebook ပိုင် တစ်ခြား apps တွေနဲ့ ကူးလူးပြီး ပေးချေဖို့လည်း ရွေးလို့ရမှာဖြစ်တာကြောင့် Facebook app ပေါ်မှာပဲ Facebook Pay ဝန်ဆောင်မှု သုံးဖို့ လုပ်ထားချိန်မှာ Messenger မှာ သွားသုံးလို့ ရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။


Photo: The Verge


ပုံမှန် ငွေပေးငွေချေဝန်ဆောင်မှုတွေအတိုင်း Facebook Pay မှာ ကိုယ့်ရဲ့ ငွေကြေး အဝင်အထွက်စာရင်းကို ပြန်ကြည့်နိုင်ပြီး ငွေပေးငွေချေတဲ့ payment method အသစ်ပြောင်းတာ ၊ Settings ကို update တင်တာတွေ လုပ်ဆောင်နိုင်မှာပါ။ ဒီဝန်ဆောင်မှုထဲမှာ ဖောက်သည်နဲ့ တိုက်ရိုက် ရုပ်သံဆက်သွယ်ပြီး support ပေးမယ့် live chat စနစ် ထည့်ပေးထားပြီး ဘယ် payment services တွေက Facebook ထဲမှာ ရှိသလဲ ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

Facebook Pay ကို Facebook app နဲ့ Messenger တို့ရဲ့ Settings ထဲမှာ feature သစ်အနေနဲ့ ထည့်ပေးထားတာ ဖြစ်ပြီး အသုံးများတဲ့ credit နဲ့ debit ကတ်တွေနဲ့ PayPal ဝန်ဆောင်မှုတွေကိုလည်း ပံ့ပိုးပေးထားပါတယ်။ Facebook Pay ဟာ လက်ရှိ ငွေကြေးဝန်ဆောင်မှု အခြေခံအဆောက်အဦပေါ် တည်ဆောက်ထားတဲ့ စနစ်ဖြစ်ပြီး Libra ကွန်ရက်ပေါ်မှာ လည်ပတ်မယ့် Calibra wallet နဲ့လည်း သီးခြားစီ ဖြစ်တယ်လို့ ဆိုပါတယ်။


loading...

က္က