ပြီးခဲ့တဲ့ စက်တင်ဘာကလည်း လူသန်း ၄၀၀ ကျော်ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့ပါတယ်

Facebook ဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ သုံးစွဲသူ သန်း ၃၀ နဲ့ ၄၁၉ သန်းရဲ့ အချက်အလက် ပေါက်ကြားမှုနဲ့ ကြုံထားတဲ့ ကုမ္ပဏီပါ။

အခုထိလည်း အချက်အလက်လုံခြုံရေးနဲ့ ပတ်သက်ရင် Facebook ဟာ ပြဿနာတွေနဲ့ စက်ကွင်းမလွတ်သေးပါဘူး။ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Comparitech နဲ့ သုတေသီတစ်ဦးဖြစ်တဲ့ ဘော့ပ်ဒိုင်ယာချန်ကိုတို့ဟာ ဝက်ဘ်တစ်ခုပေါ်မှာ Facebook သုံးစွဲသူ ၂၆၇ သန်းကျော်ရဲ့ နာမည် ၊ Facebook ID နဲ့ ဖုန်းနံပါတ်တွေ ပါဝင်တဲ့ database တစ်ခု တွေ့ခဲ့တယ်လို့ ဆိုပါတယ်။



သူတို့တွေ့ခဲ့တဲ့ database တစ်ခုလုံးဟာ အင်တာနက်ပေါ်မှာ စကားဝှက်မလိုဘဲ ဝင်ကြည့်လို့ရတဲ့အထိ ပေါက်ကြားနေတာပါ။ စုစုပေါင်း ၂၆၇၁၄၀၄၃၆ ယောက်ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာ ဖြစ်ပြီး အများစုက အမေရိကန်က ဖြစ်နေပါတယ်။ ဒိုင်ယာချန်ကိုရဲ့ အဆိုအရ database ထဲ ပါတဲ့ လူတွေရဲ့ ဖုန်းနံပါတ်နဲ့ နာမည်တွေဟာ spam မက်ဆေ့ချ်နဲ့ တစ်ခြား scam လုပ်ရပ်တွေအတွက် ပစ်မှတ် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

Photo: dhakatribune


အွန်လိုင်းပေါ် ဒီ database ပေါ်လာတာဟာ ဒီဇင်ဘာ ၄ ရက်နေ့ ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အချက်အလက်တွေဟာ ဟက်ကာတွေအတွက် ဖိုရမ်တစ်ခုမှာ public ပြန်ဖြန့်ခဲ့တယ်လို့ Comparetech အစီရင်ခံစာက ဖော်ပြထားပါတယ်။ Facebook သုံးသူတွေရဲ့ အချက်အလက်ပါ database ဟာ ရာဇဝတ်မှု လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ဖွယ်ရှိပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဒိုင်ယာချန်ကိုဟာ Internet Service Provider (ISP) ဆီ ဒီအကြောင်း report ပေးခဲ့ပါတယ်။

အထဲက အရေးကြီး အချက်အလက်တွေ ဘယ်လောက်အထိ ပေါက်ကြားသွားပြီလဲ မသိရသေးပေမယ့် ဒိုင်ယာချိန်ကိုဟာ ဒီ database လမ်းကြောင်းဖြစ်တဲ့ ဗီယက်နမ်အထိ ခြေရာခံထားပြီး Facebook developer API ကနေမသမာသူတွေဟာ အချက်အလက်တွေကို automated bots တွေနဲ့ မိတ္တူဆွဲပြီး ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ အချက်အလက်တွေ တင်ထားတဲ့ ISP ကို သတိပြုမိပြီးတဲ့နောက် ဒီအချက်အလက်တွေဟာ မဖယ်ရှားခင် ၂ ပတ်အထိ အွန်လိုင်းပေါ် ရောက်နေတယ်လို့ ဆိုပါတယ်။



Photo: avnblogfeed

Comparitech ဘက်က ဒီကိစ္စကို ထောက်ပြပြီးနောက် Facebook ဟာ အရင် app developers တွေကို သုံးစွဲသူ ဖုန်းနံပါတ်တွေ ယူခွင့်ပေးထားတဲ့ API ကို ပြောင်းထားပြီ ဖြစ်သလို database ကိုလည်း offline ချထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ အီးမေးလ်နဲ့ စာတိုမက်ဆေ့တွေကနေ ကိုယ့်ရဲ့ စကားဝှက်နဲ့ တစ်ခြား အရေးကြီး အချက်အလက်တွေတောင်းလာရင် သတိထားဖို့ နဲ့ Facebook ရဲ့ privachy settings ကိုလည်း Only Friends နဲ့ Only Me ပဲ ထားဖို့ Comparitech က အကြံပြုထားပါတယ်။

ဖက်ထရယ် ကုန်သွယ်ရေးကော်မရှင် FTC ဟာ သုံးစွဲသူအချက်အလက် ပေါက်ကြားမှု ဖြစ်ပွားခဲ့တဲ့ Facebook ကို ယခုနှစ်ဆန်းကို ဒေါ်လာ ၅ ဘီလျံ ဒဏ်ရိုက်ခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က