work-from-home app တွေ သုံးစွဲသူ မြင့်နေပါတယ်

၂၀၁၆ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တဲ့ Facebook ရဲ့ လုပ်ငန်းခွင်ဆက်သွယ်ရေးပလက်ဖောင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကထက် အခပေး သုံးစွဲသူ ၂ သန်း ထပ်တိုးလာတယ်လို့ ဆိုပါတယ်။

မေလ ၂၁ ရက်နေ့ Facebook ရဲ့ ကြေညာချက်အရ Facebook ရဲ့ Workplace ဝန်ဆောင်မှုဟာ COVID-19 ကပ်ဘေးကြောင့် သုံးစွဲသူဦးရေ မြင့်တက်လာခဲ့ပြီး လက်ရှိမှာ အခပေးသုံးစွဲသူ ၅ သန်းကျော်လာပြီလို့ ဆိုပါတယ်။ COVID-19 ကာလအတွင်း အိမ်မှာနေရင်း အလုပ်လုပ်သူ များလာပြီးနောက် Facebook Workplace လိုမျိုး အဝေးကနေ အလုပ်နဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်တဲ့ tools တွေ ခေတ်စားလာတာပါ။



Photo: Brayve Digital


"ပြီးခဲ့တဲ့ ၆ လအတွင်း ကျွန်တော်တို့ဟာ Petco, Adeo, Sephora, Virgin Australia, Lojas Renner S.A, Ajinomoto, Smartsheet, TietoEVRY နဲ့ Delivery Hero တို့ အပါအဝင် ဖောက်သည်သစ်တွေကို ကြိုဆိုနိုင်ခဲ့တယ် " လို့ Facebook ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။

paid member ဦးရေ ကြေညာမှုနဲ့ အတူ Facebook ဟာ Workplace မှာ Workplace Rooms လို video conferencing service တစ်ခု ၊ Workplace Live Video မှာ ဘာသာစကား ၆ မျိုးနဲ့ အလိုအလျောက် live caption စာတန်းထိုးစနစ် ၊ Portal TV သုံးနိုင်တဲ့ Workplace ရုပ်သံခေါ်ဆိုမှု စတဲ့ features သစ်များ မိတ်ဆက်လာပါတယ်။ Facebook ဟာ အလုပ်အကိုင်သိန်းပေါင်းများစွာကို အဝေးကနေ အမြဲတမ်းလုပ်လို့ရအောင် ပြောင်းဖို့ ရှိတယ်လို့ ကြေညာထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း ကိုယ့်အိမ်ကိုယ်ယာကနေ ရုံးနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်အောင် ရေးဆွဲထားတဲ့ Collaboration apps တွေကို သုံးစွဲသူဦးရေ မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ Slack ကို တစ်ချိန်တည်းသုံးစွဲသူ ၁၂.၅ သန်းကျော် ရှိခဲ့ပြီး Microsoft Teams နေ့စဉ်သုံးစွဲသူဟာ ဧပြီလထဲမှာ ပြီးခဲ့တဲ့လထက် ၇၀% ပိုမြင့်လာခဲ့ပြီး ၇၅ သန်းကျော် ရှိလာပြီလို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က