ဆုကြေးပမာဏ အတိအကျ မသိရပါဘူး

ပြဿနာအကြီးကြီး တက်သွားတဲ့ Apple ရဲ့ အဖွဲ့လိုက် FaceTime ခေါ်ဆိုမှု လုံခြုံရေး ပြဿနာကို ၁၄ နှစ်အရွယ် လူငယ်တစ်ဦးမှ အရင်ဆုံး သတိထားမိခဲ့ပါတယ်။


         အရီဇိုးနားပြည်နယ်မှာ နေထိုင်တဲ့ အထက်တန်းကျောင်းသား ဂရန့်တွမ်ပ်ဆင်ဟာ သူငယ်ချင်းတွေနဲ့Fortnite မှာ FaceTime ကနေတစ်ဆင့် group chat လုပ်ရင်းနဲ့ဒီပြဿနာကိုတွေ့ခဲ့တာပါ။ FaceTime ခေါ်ဆိုချိန်မှာ တစ်ဘက်လူဘက်မှ call accept မလုပ်သေးခင် ခေါ်ဆိုသူကနေ အသံတွေ ကြားနေရတဲ့ ပြဿနာဟာ အခုချိန်မှာ iOS 12.1.4 နဲ့ပြန်ပြင်ပြီးသွားပြီ ဖြစ်ပါတယ်။

         ဆော့ဖ်ဝဲလ် update နဲ့ဒီလုံခြုံရေးယိုပေါက်ကို ပြင်ထားပေမယ့် ဒီပြဿနာဟာ တရားတဘောင်တွေအထိ အစွဲခံရတဲ့ အဆင့်ကို ရောက်သွားခဲ့ပါတယ်။ iPhone သုံးသူတွေမှာ FaceTime ကနေ တစ်ခြားသူ ဖုန်းမကိုင်ခင် ကြားနေရတဲ့ ပြဿနာကြောင့် ဟူစတန်ဒေသခံ ရှေ့နေတစ်ဦးဟာ Apple ကို တရားစွဲခဲ့ပါတယ်။ ဂရန့်နဲ့သူ့အမေဟာ ဒီပြဿနာကို Apple ဆီ အရင်ဆုံး သတင်းပေးပို့ခဲ့ပါတယ်။

         Apple Security Team ကနေ အီးမေးလ်ပို့ကာ ဒီပြဿနာအကြောင်း တင်ခဲ့သလို Twitter နဲ့Facebook လူမှုကွန်ရက်တွေပေါ်ကနေလည်း FaceTime ပြဿနာအကြောင်း တင်ပြခဲ့ပါတယ်။ Apple အနေနဲ့ဒီတင်ပြချက်ကို အရေးတယူတုန့်ပြန်မှု မလုပ်ခဲ့ဘဲ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားမှ ဖြေရှင်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo: NT News

         ပြဿနာတက်ခဲ့တဲ့ Group FaceTime bug ကို Appleဟာ တစ်ပတ်ကျော်ကြာ ပိတ်ထားခဲ့ပြီးမှ software update ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ Apple အနေနဲ့ဒီ bug ကို တွေ့ခဲ့တဲ့ ဂရန့်တို့မိသားစုကို လျော်ကြေးပေးထားပြီး သူ့ရဲ့ ကျောင်းနေစရိတ်အတွက်ပါ ထောက်ပံ့ပေးထားတယ်လို့The Verge ကိုု ပြောခဲ့ပေမယ့် ပေးခဲ့တဲ့ ပမာဏကိုတော့ အတိအကျမသိရပါဘူး။

         Apple ဟာ iOS ပြစ်ချက်ကို ရှာတွေ့သူကို ဆုကြေးပေးလာတာ ၃ နှစ်ရှိပြီ ဖြစ်ပြီး များသောအားဖြင့် iOS ယိုပေါက်ကို developers တွေပဲ တွေ့တာ များပါတယ်။ Apple ဟာ ဒီလိုပညာရှင်တွေကို ဆုကြေးအဖြစ် ဒေါ်လာ ၂ သိန်း အထိ ပေးထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က