နယူးယော့ခ်အာဏာပိုင်တွေက စုံစမ်းနေပါတယ်

အဖွဲ့လိုက် FaceTime ခေါ်ချိန်မှာ တစ်ဘက်လူ မကိုင်ရသေးခင် အသံတွေ ကြားနေရတဲ့ ပြဿနာက Apple အတွက် ခေါင်းကိုက်စရာ ဖြစ်နေပါတယ်။

         iPhone သုံးသူတွေအနေနဲ့တစ်ခြားသူတွေရဲ့ စကားသံတွေ ကြားနေရတယ်ဆိုတာ လန့်စရာပါ။ Apple လည်း ဒီ group FaceTime ကို အမြန် ပိတ်ချထားပေမယ့် ပြဿနာတွေက ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဖုန်းခေါ်ခံရသူ မကိုင်ခင် သူ့အသံကို တစ်ဘက်က ကြားနိုင်တဲ့ FaceTime bug ကြောင့် ဟူစတန်က ဝတ်လုံတစ်ဦးဟာ Apple ကိုလည်း တရားစွဲထားတဲ့ ကိစ္စ ရှိနေပါတယ်။



Photo: arstechnica

         CNBC သတင်းမှာ ဖော်ပြချက်အရ Apple ဟာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြီး ဒီ FaceTime bug ကို တောင်းပန်စာ ပို့ခဲ့ပြီး ပြဿနာကို ဆော့ဖ်ဝဲလ်တစ်ခုနဲ့လာမယ့် အပတ်မှာ ဖြေရှင်းပေးသွားမယ်လို့အာမခံထားပါတယ်။ တကယ်တမ်းက ဒီပြဿနာကို အသက် ၁၄ နှစ်သားကလေးတစ်ယောက်က အရင်ဆုံး သတိထားမိခဲ့တယ်လို့ပြောရမှာပါ။

         FaceTime ခေါ်ချိန်မှာ တစ်ဘက်က မကိုင်ရသေးခင် အသံတွေ ကြားနေရတဲ့ ပြဿနာကို အရီဇိုးနားအထက်တန်း ကျောင်းသားတစ်ဦး ဖြစ်တဲ့ ဂရန့်တွမ်ပဆင်က သိခဲ့တယ်လို့Wall Stree Journal က ဖော်ပြခဲ့ပါတယ်။ ဂရန့်ဟာ ဒီအကြောင်းကို သူ့မိခင်ကို ပြောပြီးနောက် Apple နဲ့ဆက်သွယ်ပြီး ရက်သတ္တတစ်ပတ်ကျော်ကြာ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ် ။

         Apple ဘက်မှ ဒီအသိပေးချက်ကို အကြောင်းမပြန်ခဲ့ရာကနေ ပြဿနာက ပိုကြီးထွားခဲ့တာ ဖြစ်ပါတယ်။ Group FaceTime bug ပြဿနာကို ဂရန့်ဟာ သူ့သူငယ်ချင်းတွေနဲ့Fortnite ဂိမ်းအကြောင်း FaceTime gourp chat ပြောဖို့လုပ်ရင်းတွေ့ခဲ့တာပါ။ လက်ရှိမှာ FaceTime bug မဖြေရှင်းသေးချိန်အထိ ဒီဝန်ဆောင်မှုကို မသုံးဖို့နယူးယော့ခ် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက သတိပေးချက် ထုတ်ပြန်ထားပြီး ကာယကံရှင် Apple အနေနဲ့users တွေကို ပြဿနာအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သတိပေးထားမထားကိုလည်း နယူးယော့ခ်အာဏာပိုင်တွေမှ စုံစမ်းနေပါတယ်။

         iOS 12.1 တင်ထားတဲ့ iPhone users တွေမှာ တွေ့ခဲ့တဲ့ Group FaceTime bug ကို ရှင်းမယ့် software update ကို Apple ဟာ နောက်အပတ်ထဲမှာ ဖြန့်ချိသွားဖို့ရှိပါတယ်။ FaceTime ပေါက်ကြားတဲ့ ပြဿနာဟာ iPhone ကနေ Mac users တွေဆီ ခေါ်ဆိုရာမှာလည်း တွေ့ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က