child pornography အမှုကျူးလွန်သူကို ခြေရာခံခဲ့တာပါ

Facebook ပေါ်မှာ အမျိုးသမီးငယ်တွေကို မဖွယ်မရာ နှောင့်ယှက်သူကို ခြေရာခံဖို့ လူမှုကွန်ရက်ကုမ္ပဏီကြီးဟာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဆီက အကူအညီရယူခဲ့ရပါတယ်။

ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ကလေးငယ်လိင်မတော်မတရားပြုမှု အပါအဝင် စွဲချက်ပေါင်း ၄၁ ခုနဲ့ ဖမ်းဆီးခံထားရတာပါ။ ဘရိုင်ယန်ကီလ်လို့ အွန်လိုင်းမှာ နာမည်ပေးထားတဲ့ ဘတ်စတာ ဟာနန်ဒက်စ်ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ အထိ အမျိုးသမီးငယ်တွေကို ငါးနှစ်ကျော် ပစ်မှတ်ထားပြီး မဖွယ်မရာပုံနဲ့ ဗွီဒီယိုတွေ ပေးပို့ဖို့ Facebook ပေါ်ကနေ အကြပ်ကိုင်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက WTHR သတင်းကို ပြောပါတယ်။




Photo: Motherboard

သူတောင်းဆိုသလို မပေးတဲ့ အမျိုးသမီးငယ်တွေကိုတော့ သတ်ဖြတ်မုဒိန်းကျင့်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့သလို ကျောင်းသူလေးတွေကိုလည်း ကျောင်းမှာ လာပြီး သေနတ်နဲ့ ပစ်သတ်မယ်လို့ အကြမ်းဖက်ခြိမ်းခြောက်ခဲ့သူ ဖြစ်ပါတယ်။ Facebook ဟာ ဘတ်စတာ ဟာနန်ဒက်စ်ကို နှစ်နဲ့ချီပြီး ခြေရာခံနေတာပါ။ တရားခံဟာ လုံခြုံရေးမှုတဲ့ Tails OS ကိုသုံးပြီး သူ့ရဲ့ IP Address ကို ခြေရာဖျောက်ပြီး လူမှုကွန်ရက်ပေါ်က ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေကို နှောင့်ယှက်နေခဲ့တာ ဖြစ်ပါတယ်။

ဘတ်စတာ ဟာနန်ဒက်စ်ကို ဖမ်းဆီးနိုင်ဖို့အတွက် Facebook ဟာ ပြင်ပဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Six Figures ဆီက အကူအညီယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Motherboard သတင်းအဆိုအရ Facebook လုံခြုံရေးအဖွဲ့ဟာ Six Figures နဲ့ ပူးပေါင်းပြီး Tails ရဲ့ Video player မှာ ပါတဲ့ လုံခြုံရေးအားနည်းချက်ထဲ ဝင်နိုင်မယ့် hacking tools တစ်ခုကို ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။


Photo: Forbes

ဒီ tool ဟာ ဗွီဒီယိုကြည့်နေတဲ့ လူရဲ့ IP Address အစစ်အမှန်ကို ဖော်ပြနိုင်ခဲ့ပါတယ်။ ဒီဆိုက်ဘာဖောက်ထွင်းမှုအတွက် Facebook ဟာ Six Figures ကို ငွေပေးခဲ့ရပြီး tool ကိုတော့ FBI ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ FBI ကို ကူညီဖို့ Facebook ဟာ လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

Motherboard သတင်းအရ ရာဇဝတ်မှုအတွက် Facebook အနေနဲ့ ဥပဒေစိုးမိုးရေးမှာ ကူညီလာတာဟာ အခုတစ်ကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့ ဝန်ထမ်းတွေရဲ့ အပြောကို ကိုးကားဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က