မိုဘိုင်းဗားရှင်းပေါ်တော့ ဒီစနစ်သစ် ရောက်မလာသေးပါဘူး
Nyein Min Wai

     ဒီနှစ်ထဲ နာမည်ကြီးလာတဲ့ PUBG ဂိမ်းဟာ Map အသစ်နဲ့အတူ ထူးခြားတဲ့ feature သစ်တစ်ခုပါ ထည့်သွင်းလာခဲ့ပါတယ်။

Photo: digit.in

         Vikendi နှင်းမြေပုံကို မိတ်ဆက်ရင်းနဲ့PUBG ဟာ ဂိမ်းထဲမှာ လိမ်လည်မှုတွေ မလုပ်နိုင်အောင် Anti-Cheat & Reporting ဆိုတဲ့ feature တစ်ခုကို ထည့်လိုက်တာပါ။ ဒီစနစ်သစ်ဟာ ဂိမ်းထဲမှာ အနိုင်ရဖို့Radar Hacking လိုမျိုး နည်းလမ်းတွေ သုံးတဲ့ အကောင့်တွေကို ပိတ်ပင် ဖျက်ဆီးဖို့လုပ်တဲ့ စနစ်မျိုးဖြစ်ပြီး PUBG ကတော့ BattlEye ရဲ့ ဆော့ဖ်ဝဲလ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

         ဂိမ်းပွဲတွေမှာ တစ်ဖက်ပလေယာတွေ ဘယ်နေရာရောက်နေသလဲ ဆိုတဲ့ အချက်အလက်တွေကို radar hack တွေကနေ ယူကြတာပါ။ ဒီ hack စနစ်တွေဟာ အချက်အလက်တွေကို ဆာဗာကနေ အပေး အပို့လုပ်ရာမှာ VPN services သုံးထားတာ ဖြစ်လို့ထောက်လှမ်းရ အတော်လေး ခက်ခဲ့တာပါ။ PUBG ရဲ့ anti-cheating စနစ်ကို PC ၊ Xbox နဲ့PS4 တို့မှာ စပြီး သုံးသွားမယ်လို့ဆိုပါတယ်။

         လောလောဆယ် ဒီစနစ်ဟာ rader hack သုံးတဲ့ ပလေယာပေါင်း ၃ သောင်းကျော်ကို တွေ့ရှိပြီး ပိတ်သိမ်းထားပါတယ်။ ဒီထဲမှာ တကယ့့်ပရိုပလေယာ ၁၆ ယောက်ရဲ့ အကောင့်တွေလည်း ပါဝင်နေပြီး ဒီထဲက တစ်ချို့ပရိုတွေကလည်း radar hack လို တရားမဝင်တဲ့ အောက်လမ်းနည်းတွေ သုံးခဲ့တယ်လို့ဝန်ခံထားပါတယ်။ PUBG အနေနဲ့ban ထားတဲ့ အကောင့်အများစုကို ပြန်ဖွင့်ပေးခဲ့ပေမယ့် ပိတ်ထားတဲ့ အကောင့်တွေလည်း အများကြီး ကျန်သေးတယ်လို့ဆိုပါတယ်။

  Photo: Quora       

         ဒီကျန်တဲ့ အကောင့်တွေကိုတော့ Developer တွေဘက်ကနေ ထပ်ပြီး စစ်ဆေးသွားမှာပါ။ PUBG ဟာ PC ၊ Xbox One နဲ့PS 4 လို ပလက်ဖောင်းအပြင် Android နဲ့iOS ထုတ်ကုန်တွေပေါ်မှာလည်း မိုဘိုုင်းဗားရှင်းအနေနဲ့ထွက်ထားပါတယ်။ anti-cheating စနစ်သစ်ကို PUBG Mobile ဗားရှင်းပေါ်တော့ ရောက်မလာသေးပါဘူး။


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က