လက်ဆောင်တွေပေးအပ်သွားမယ်လို့လည်းသိရပါတယ်။
Phyo Min Thant

realme Myanmar ကနေပြီး User Experience ပိုင်းပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ realme 6 နှင့် realme 6 Pro တို့ကို ‌မေလ ၁၂ရက်နေ့ည ၆နာရီမှာ Online Launch Event ကနေ မိတ်ဆက်သွားခဲ့ပါတယ်။

realme 6 အတွက် version ၂မျိုးရောင်းချပေးသွားမှာ ဖြစ်ပြီး RAM 4GB + ROM 128GB အတွက် ၃၂၉,၉ဝဝ ကျပ်နှင့် RAM 8GB + ROM 128GB အတွက် ၃၆၉,၉ဝဝ ကျပ်ကျသင့်မှာပါ။

အရောင်အနေနဲ့ Comet White နှင့် Comet Blue ဆိုပြီး ၂ ရောင်ရရှိနိုင်မှာဖြစ်ကာ မေလ ၁၆ရက်မှစတင်ဝယ်ယူသူများ အနေဖြင့် အထူး လက်ဆောင် ၂မျိုးအဖြစ် mini Bluetooth Speaker + realme Mug သို့မဟုတ် mini Bluetooth Speaker + realme Brand T-shirt တို့ကို ရွေးချယ် ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

realme 6 Pro အတွက် RAM 8GB + ROM 128GB version တစ်မျိုးတည်းကိုသာ စျေးနှုန်း ၄၅၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးသွားရန်စီစဉ်ထားပြီး Lightning Blue နှင့် Lightning Red ၂မျိုးကို ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

ဒီဖုန်းဝယ်ယူသူတွေကိုတော့ လက်ဆောင်အဖြစ် 18W Fast Charge စနစ်ထောက်ပံ့ထားသော 10,000 mAh Capicity ရှိ realme Power Bank ကိုပေးအပ်သွားမှာပါ။

လက်ဆောင်များကို မေလ ၁၆ ရက်မှ ဇွန်လ ၁၆ရက်အထိပေးအပ်သွားရန်စီစဉ်ထားသော်လည်း လက်ဆောင်အရေအတွက်ကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်နဲ့သာ ပေးအပ်သွားမယ်လို့ သိရပါတယ်။

realme 6 series ထုတ်ကုန်တွေမှာ 64MP Pro Camera, Pro Display ဆိုသည့်အတိုင်း ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံနှင့် 90Hz Screen Refresh Rate အားသာချက်များကို ခံစားရမှာ ဖြစ်ပါတယ်။

realme 6 မှာ IPS LCD အမျိုးအစား 6.5-inch FullHD+ Display ကိုအသုံးပြုထားပြီး 90Hz Screen Refresh Rate စနစ်ကိုထောက်ပံ့ပေးထားသည့်အတွက် ဂိမ်းကစားရာတွင် မျက်နှာပြင်တုံ့ပြန်နှုန်း မြန်ဆန်မှုကို ရရှိစေမည့်အပြင် ပုံမှန်ဖုန်းအသုံးပြုချိန်တွင်လည်း မျက်နှာပြင် ရွေးလျားမှုအမြန်နှုန်းကို အပြည့်အဝရရှိစေဦးမှာ ဖြစ်ပါတယ်။

ရှေ့ဘက် 16MP in-display Selfie Camera နှင့်အတူ နောက်ဘက် ကင်မရာ ၄လုံးတွင် 8MP Ultra wide-angle Lens, 64MP ပင်မကင်မရာ၊ 2MP Depth Sensor နှင့် 2MP Macro Lens တို့ကို တပ်ဆင်ပေးထားပါတယ်။

Gaming ပိုင်းအတွက် စွမ်းဆောင်ရည်မြင့်မားသည့် Octa-core 2.0 GHz မြန်နှုန်းရှိ Helio G90T Chipset ကိုအသုံးပြုပေးထားတာတွေ့ရပါတယ်။

အားသွင်းစနစ်ပိုင်းမှာ ယခင်ထက်ပိုမိုမြန်ဆန်သော 30W Flash Charge စနစ်ပါဝင်ပြီး 4300 mAh battery ကို မိနစ် ၆ဝ အတွင်း အားအပြည့်သွင်းပေးနိုင်မှာပါ။

realme 6 Pro တွင် ပိုမိုကောင်းမွန်သော ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကိုပေးစွမ်းမယ့် ရှေ့ဘက် Dual in-display Selfie Camera ၂လုံးနှင့်အတူ နောက်ဘက်ကင်မရာ ၄လုံးအထိပါဝင်မှာ ဖြစ်ပါတယ်။

Dual in-display Selfie Camera တွင် 16MP ပင်မ Selfie Camera နှင့်အတူ 105 Degree Ultra-wide မြင်ကွင်းများရိုက်ယူနိုင်စေမည့် 8MP Lens ကိုပါထည့်သွင်းတပ်ဆင်ပေးထားပြီး ဓာတ်ပုံရိုက်ကူးခြင်းအတွက်သာမက Video ရိုက်ကူးခြင်းများတွင်လည်း ယခု Ultra-wide 8MP Lens ရဲ့အားသာချက်ကိုရယူနိုင်ဦးမှာ ဖြစ်ပါတယ်။

နောက်ဘက် Camera set-up ပိုင်းတွင် 12MP Tele Lens ကို ထူးထူးခြားခြားအဖြစ် အသုံးပြုပေးထားသလို 20X အထိ Hybrid Zoom ကိုပါသုံးစွဲနိုင်ဦးမှာပါ။

 အခြား Camera များအနေနဲ့ 8MP Wide-angle Lens၊ ပင်မ 64MP Camera Lens နှင့် 2MP Macro Lens တို့ကို တပ်ဆင်ပေးထားပါတယ်။

realme 6 Pro ၏မျက်နှာပြင်မှာ 6.6-inch FullHD+ IPS LCD Display အမျိုးအစားဖြစ်ပြီး 90Hz Screen Refresh Rate ကိုထောက်ပံ့ပေးထားသလို ပိုမို Premium ဆန်စေမည့်ထိတွေ့မှုအဖြစ် နောက်ကျောဘက်ကို Corning Gorilla Glass ဖြင့်ဖုံးအုပ်ပေးထားတာတွေ့ရပါတယ်။

Performance အတွက် Snapdragon 720G Chipset ကို အသုံးပြုထားခြင်းကြောင့် Overall လုပ်ဆောင်မှုအပိုင်းတွင် ပိုကောင်းသည့် မြန်ဆန်မှုအတွေ့အကြုံကိုပါ ရရှိစေမှာပါ။

30W Flash Charge ပါဝင်သည့် 4300 mAh battery ကိုအသုံးပြုပေးထားသည်။ realme 6 series ထုတ်ကုန် ၂မျိုးစလုံးတွင် Android 10 ကိုအခြေခံထားသည့် realme UI ကိုထိတွေ့အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

(ဒီသတင်းကို realme မှပံ့ပိုးကူညီထားပါတယ်)


က္က