အကောင့်တုတွေ သုံးပြီး လူမှုကွန်ရက်မှာ page ရာပေါင်းများစွာ ဆောက်ထားတဲ့ ဖိလစ်ပိုင်က ဒစ်ဂျစ်တယ်မားကတ်တင်းအဖွဲ့အစည်းတစ်ခုကို Facebook က ပိတ်သိမ်းကြောင်းကြေငြာလိုက်ပါတယ်။
Photo: Tech Pilipinas
မရိုးဖြောင့်တဲ့ လုပ်ရပ်ကြောင့် အခုလို ပိတ်သိမ်းလိုက်တာ ဖြစ်ပြီး ဒီအဖွဲ့အစည်းရဲ့ page တွေအားလုံးနောက်မှာ followers ၄၃ သန်း ကျော် ရှိနေတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ ကမ္ဘာပေါ်မှာ Facebook သုံးစွဲသူ အများဆုံး ရှိတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူပေါင်း ၇၃ သန်း သန်းကျော်ဟာ Facebook အသုံးပြုနေမယ်လို့ဂျာမန် အချက်အလက်စစ်တမ်း ကုမ္ပဏီ Statista က ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ခန့်မှန်းထားပါတယ်။
တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ Facebook အသုံးများဆုံးမှာ အဆင့် ၆ နေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှ လူမှုကွန်ရက်သုံးသူတွေဟာ တစ်နေ့ကို ၄ နာရီလောက်အထိ Facebook သုံးနေကြပြီး ကမ္ဘာပေါ်မှာ လူမှုကွန်ရက် သုံးစွဲချိန် အမြင့်ဆုံး users တွေလို့ဆိုပါတယ်။ ဒါကြောင့်ပဲ ဖိလစ်ပိုင်လူမှုကွန်ရက်သုံးသူများကို အသုံးချပြီး သတင်းတုဖြန့်ဖို့ဖြစ်နေခဲ့တာပါ။
ဇန်နဝါရီ ၁၀ ရက်နေ့က Facebook ဟာ Twinmark Media Enterprises နာမည်နဲ့digital marketing အဖွဲ့ပိုင် Facebook page ပေါင်း ၂၂၀ ခု ၊ အကောင့် ၇၃ ခု နဲ့Instagram အကောင့် ၂၉ ခုတို့ကို ဖယ်ရှားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ၂၀၁၈ အောက်တိုဘာကလည်း Facebook ဟာ ဖိလစ်ပိုင်မှ page ပေါင်း ၉၅ ခု ၊ အကောင့်ပေါင်း ၃၉ ခုကို ဖယ်ရှားခဲ့တယ်လို့ကြေငြာခဲ့ပြီး ဒီထဲမှာ follower ၄.၃ သန်းရှိတဲ့ အကောင့်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။
Facebook ဟာ လူမှုကွန်ရက်စံနဲ့မညီတဲ့ အကောင့်နဲ့page များကို ဆက်တိုက်အရေးယူမှု ပြုထားပြီး ၂၀၁၈ ဧပြီကနေ စက်တင်ဘာ ၆ လအတွင်း အကောင့်တု သန်းပေါင်း ၁၅၀၀ ကျော်နဲ့spam posts ပေါင်း သန်း ၂၁၀၀ ကျော်ကို ပယ်ဖျက်ခဲ့တယ်လို့ဆိုပါတယ်။