ပလေယာ သန်း ၂၀၀ ကျော် ရှိထားတဲ့ ဂိမ်းပါ

     ၂၀၁၈ ရဲ့ အကျော်ကြားဆုံး ဂိမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Fortnite ဟာ ဟက်ကာတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Photo: thesun

         BBC နဲ့တွေ့ဆုံမေးမြန်ခဲ့တဲ့ လူငယ် ၂၀ ခန့်ဟာ Fortnite ကို hack ပြီး တစ်ပတ်ကို ပေါင်ထောင်ပေါင်းများစွာ ရှာဖွေနေတယ်လို့ဆိုပါတယ်။ BBC နဲ့တွေ့ဆုံမှုမှာ အသက် ၁၄ နှစ်ပဲရှိသေးတဲ့ ဟက်ကာတွေလည်း ပါဝင်နေပါတယ်။ ဒီထဲက အသက် ၁၅ နှစ်အရွယ် ပြင်သစ်က ဟက်ကာတစ်ဦးဆို တစ်ပတ်ထဲနဲ့ပေါင် ၂၃၀၀ (မြန်မာငွေ ၄၆ သိန်း) အထိ ရခဲ့တယ်လို့ဆိုပါတယ်။

         ဟက်ကာတွေဟာ Fortnite ပလေယာတွေရဲ့ private အကောင့်တွေကို ခိုးပြီး အွန်လိုင်းမှာ ပေါင်ရာဂဏန်းနဲ့ပြန်ရောင်းစားကြတာ ဖြစ်ပါတယ်။ ဟက်ကာတွေဟာ အဖွဲ့လိုက် လှုပ်ရှားကြတာ ဖြစ်ပြီး အွန်လိုင်းမှာ username နဲ့စကားဝှက်တွေ ဘယ်နေရာက ယူရမယ် ၊ ဒီအကောင့်တွေကို ဘယ်လို ရောင်းရမယ်ဆိုတာ အဖွဲ့ဝင်တွေကို လမ်းပြပေးကြတာပါ။

         "ကံကောင်းရင် အကောင့်ကောင်းတစ်ခု ၊ skin အလန်းနဲ့အကောင့်ကို ရတယ်လေ။ ဂိမ်းဆော့တဲ့လူတွေက ရှားပါးတဲ့ skin မျိုးကို သဘောကျတာကိုး" လို့ဟက်ကာတစ်ဦးက ဆိုပါတယ်။ Fortnite ဟာ အခမဲ့ကစားနိုင်တဲ့ battle royale ဂိမ်းဖြစ်ပြီး items တွေ ရောင်းချရာကနေ ဒေါ်လာဘီလျံပေါင်းများစွာ ရှာဖွေနေတာပါ။ ဟက်ကာတွေကတော့ ဒီလို items တွေ ရှာထားတဲ့ ပလေယာတွေရဲ့ အကောင့်တွေကို ခိုးပြီး ပိုက်ဆံရှာတာ ဖြစ်ပါတယ်။

         ပလေယာတစ်ယောက်ဟာ skin တစ်ခု ရတာနဲ့သူတို့ရဲ့ Locker ထဲ ဝင်သွားတာ ဖြစ်ပြီး ဟက်ကာတွေက အကောင့်ကနေတစ်ဆင့် Lockers တွေထဲ ဝင်ပြီး ဒီအကောင့်ရဲ့ စကားဝှက်တွေကို အသစ်ပြောင်းလိုက်ပါတယ်။ ပြီးတာနဲ့two-factor စနစ်သုံးပြီး မူလအကောင့်ပိုင်ရှင်ကို ပိတ်ချလိုက်တာပါ။ locker ထဲမှာ item များလေလေ အကောင့်ဟာ တန်ဖိုး တက်လာလေလေ ပါပဲ။

         အသက် ၁၇ နှစ်အရွယ် ဆလိုဗေးနီးယားက ဟက်ကာတစ်ဦးကတော့ ဒီလို hacking ကနေ ၇ လအတွင်း ဒေါ်လာ ၂ သောင်းအထိ ရှာခဲ့တယ်လို့ဆိုပါတယ်။ hacking အမှုနဲ့သာ အဖမ်းခံရရင်တော့ ဟက်ကာတစ်ဦးဟာ ကွန်ပျူတာတလွဲသုံးမှု အက်ဥပဒေအရ ထောင်ဒဏ် ၂ နှစ်အထိ ကျခံနိုင်ပေမယ့် BBC နဲ့တွေ့ဆုံခဲ့တဲ့ လူငယ်ဟက်ကာတွေကတော့ ဘယ်သူမှ လာစစ်မှာ မဟုတ်လို့မစိုးရိမ်ဘူးလို့ပြောကြားခဲ့ပါတယ်။

 

Photo: Mashable

        Fortnite ဂိမ်းကို ရေးဆွဲတဲ့ Epic Games ကုမ္ပဏီကတော့ အကောင့်တွေ လုံခြုံရေးအတွက် ကြိုးပမ်းနေပြီး ကစားသူတွေကိုလည်း Two-Factor လုံခြုံရေး စနစ် သုံးဖို့တိုက်တွန်းထားပါတယ်။ Fortnite ဟာ ပလေယာသန်း ၂၀၀ ကျော် ရှိတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 



က္က