loading...

loading...

loading...

ကစားသူဦးရေက အတက်ပဲ ပြနေပါတယ်
Nyein Min Wai

တစ်ကမ္ဘာလုံးမှာ Fortnite ကစားသူ သန်း ၂၅၀ ကျော်လာချိန်မှာ ဒီဂိမ်းကို ဖန်တီးတဲ့ Epic Games ဟာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုပါ ရလာခဲ့ပါတယ်။

Photo: Amazon.com

         အွန်လိုင်း multiplayer တိုက်ခိုက်ရေး MOBA ဂိမ်းမျိုးဖြစ်ပြီး ပလေယာ ၁၀၀ ပါဝါယှဉ်ပြိုင်ရတဲ့ Fortnite ဟာ အစောပိုင်းက Nintendo Switch ၊ Xbox One ၊ PC ၊ PlayStation 4 နဲ့ iPhone /iPad တို့မှာ ကစားနိုင်တဲ့ ဂိမ်းအဖြစ် ထွက်လာတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဒီဂိမ်းဟာ အန်းဒရိုက်ထုတ်ကုန်တွေမှာ ကစားနိုင်တဲ့ ဗားရှင်းအဖြစ် မိတ်ဆက်ခဲ့ပြီး ဒီဇင်ဘာလထဲမှာ လစဉ်ကစားသူ သန်း ၂၀၀ ပြည့်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

         ၂၀၁၉ မတ်လကုန်ပိုင်းမှာ ကစားသူ သန်း ၂၅၀ ကျော်လာခဲ့တဲ့ ဒီဂိမ်းမှာ ထူးခြားတာက အမျိုးသမီးဂိမ်းကစားသူဦးရေဟာ အတော့်ကို မြင့်မားလာတာ ဖြစ်ပါတယ်။ Engadget နဲ့မတ်လထဲက Game Developers Conference မှာ တွေ့ဆုံချိန်မှာ ကုမ္ပဏီရဲ့ CEO တင်မ်ဆွီနေးမှ Shooter ဂိမ်းတွေထဲမှာ အမျိုးသမီးဦးရေ အများကြီး ရတဲ့ ပထမဆုံး ဂိမ်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။

         "အကြမ်းဖျဉ်း ခန့်မှန်းရင် ဒီဂိမ်းကစားတဲ့ မိန်းကလေးဦးရေက ၃၅% ပဲ။ ဒါမျိုးမကြုံဖူးပါဘူး။ ဒါဆို နောက် ၅၀% ဖြစ်မလာနိုင်ဘူးလို့မပြောနိုင်ပါဘူး။ ဒါကလည်း social အတွေ့အကြုံတွေကြောင့် အခုလို ပလေယာတွေ တွဲကစားလာတာပါပဲ။" လို့သူက ဆိုပါတယ်။

Photo: Kotaku Australia

         ယှဉ်ပြောကြေးဆိုရင် ၁၉၉၁ ခုနှစ်က အမေရိကန်တစ်နိုင်ငံလုံးက လူဦးရေကို တွက်ချက်ရာမှာ သန်း ၂၅၀ ပထမဆုံးအကြိမ် ပြည့်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံအဖြစ် တည်ထောင်ပြီး နှစ် ၂၀၀ အကြာမှာ ပထမဆုံးအကြိမ် လူဦးရေ သန်း ၂၅၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ Fortnite ကတော့ နှစ်နှစ်မပြည့်ခင် ကစားသူ သန်း ၂၅၀ ပြည့်ခဲ့သလို တစ်နှစ်အတွင်း Epic Games အတွက် ဝင်ငွေ ဒေါ်လာ ၃ ဘီလျံ ရှာပေးခဲ့တာပါ။ Fo

rtnite နဲ့Unreal Engine ဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ အမေရိကန်ဂိမ်းကုမ္ပဏီ Epic Games ကို ၁၉၉၁ ခုနစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အနှစ် ၃၀ နီးပါး ကုမ္ပဏီသမိုင်းမှာ ဒီလောက် ဝင်ငွေနဲ့ကစားတဲ့ ပလေယာပမာဏမျိုး မရဖူးခဲ့ဘူးလို့Tech Crunch က ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ဒေါ်လာ ၁၅ ဘီလျံခန့်တန်တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပြီး ဒီကုမ္ပဏီမှာ တရုတ်မှ ဂိမ်းနဲ့ဖျော်ဖြေရေးကုမ္ပဏီ Tencent ဟာ ဒေါ်လာ သန်း၃၃၀ ရင်းနှီးမြှပ်နှံထားပြီး ရှယ်ယာ ၄၀% ပိုင်ဆိုင်ပါတယ်။ 


loading...

က္က