ရထားတဲ့ ဆုကြေး အသိမ်းခံရသူတွေ ရှိပါတယ်
Nyein Min Wai

ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ သန်း ၄၀ ပေးသွားမယ့် Fortnite ရဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကနေ ကစားသမား ၁၂၀၀ ကျော်ကိုု စည်းကမ်းချိုးဖောက်မှုနဲ့ထုတ်ပယ်ခဲ့တယ်လို့Epic က ကြေညာခဲ့ပါတယ်။

Photo: mashable

         အွန်လိုင်းသီးသန့်ပထမအပတ် လက်ရည်စစ်ပွဲမှာပဲ ပုံစံမျိုးစုံနဲ့Cheat လုပ်တဲ့ ပလေယာအကောင့်ပေါင်း ၁၂၀၀ ကျော်ကို ပိတ်ခဲ့တာ ဖြစ်တယ်လို့Engadget မှာ ဖော်ပြထားပါတယ်။ World Cup Qualifer အဆင့်အတွက် Fortnite ကို ရေးဆွဲတဲ့ Epic Games ကုမ္ပဏီဟာ ဧပြီလ ၁၃ ရက်ကနေ ဇွန်လ ၁၆ ရက်နေ့အထိ အပတ်စဉ် ဆုကြေး ဒေါ်လာ ၁ သန်းတန် လက်ရည်စစ်ပြိုင်ပွဲ စတင်နေတာပါ။

         လက်ရည်စစ်ပြိုင်ပွဲအဆင့်မှာ စည်းကမ်းဖောက်ပြီး Level တက်အောင်ကစားခဲ့သူ ၁၂၀၀ ကျော်ကို ပိတ်ခဲ့တာ ဖြစ်ပြီး ဆုရရှိတဲ့ ပလေယာ ၂၀၀ ကျော်ဆီက ဆုကြေးငွေတွေကိုလည်း ပြန်ပြီး ပယ်ဖျက်ခဲ့တယ်လို့Polygon ဝက်ဘ်ဆိုက်က ဆိုပါတယ်။ Region အလိုက် ပြိုင်နေတဲ့ ပလေယာတွေထဲကမှ ဆုရထားတဲ့ ပလေယာထဲမှ ၁၉၆ ဦးလည်း ဆုကြေး ဆုံးရှုံးခဲ့ပြီးနောက်ပွဲတွေမှာ ဒီဆုကြေးကို တစ်ခြားသူတွေဆီ ခွဲဝေပေးသွားဖို့အစီအစဉ်ပြောင်းထားတယ်လို့လည်း Epic က ဆိုပါတယ်။

         Winners ၉ ဦးကိုလည်း အကောင့်တွေ Sharing လုပ်ခြင်းကြောင့် ရထားတဲ့ ဆုငွေ ဆုံးရှုံးခဲ့ပြီး အကောင့် Share သူ ၄၈ ဦးလည်း ပိတ်ပင်ခံထားရတယ်လို့ဆိုပါတယ်။ ဒီထဲက ကစားသမားတစ်ဦးကတော့ ရည်ရွယ်ချက်ရှိရှိနဲ့Disconnect လုပ်ခြင်းကြောင့် ၇၂ နာရီကြာ ပြိုင်ပွဲကစားခွင့် ပိတ်ခံခဲ့ရတာပါ။ cheat ဆော့ဖ်ဝဲလ်သုံးတာ မိသွားတဲ့ တစ်ယောက်ကိုလည်း ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ဆိုပါတယ်။

Photo: Fortnite News

     Epic ဟာ Fortnite World Cup အတွက် Online Qualifier တွေကို သီတင်းပတ် ၁၀ ပတ်ကြာ ရွေးချယ်သွားမှာ ဖြစ်ပြီး လက်ရည်စစ်ပြိုင်ပွဲမှာ ပထမဆုရတဲ့ အသင်းတွေကို ဒေါ်လာ ၅၀၀၀ နဲ့အဆင့် ၁၀၀၀ နဲ့အထက် ရရှိတဲ့ ပလေယာတွေကတော့ ဒေါ်လာ ၁၀၀ နဲ့အထက် ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ အပတ်စဉ် ပထမရတဲ့ အသင်းတွေဟာ Fortnite World Cup Finals အဆင့်တက်ရောက်ဖို့အရည်အချင်းပြည့်မီတဲ့ အသင်းတွေ ဖြစ်လာမှာ ဖြစ်ပြီး ဖိုင်နယ်အဆင့်ဟာ နယူးယော့မှာ ဇူလိုင် ၂၆ ရက်ကနေ ၂၈ အထိ သုံးရက်ကြာ ကျင်းပသွားတော့မှာပါ။

         ဒီပြိုင်ပွဲအတွက် ဥရောပ ၊ အာရှ ၊ ဘရာဇီး ၊ ပစိဖိတ်ကျွန်းနိုင်ငံများ ၊ မြောက်အမေရိကနဲ့အနောက်ကမ်းရိုးတမ်းဒေသများမှ အသက် ၁၃ နှစ်နဲ့အထက် Fortnite ပလေယာများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့ကြေညာထားပါတယ်။ 


က္က