ဧပြီ ၂၆ ရက်ကတည်းက ရောင်းချမယ်လို့ကြေညာထားတာပါ
Nyein Min Wai

Samsung ရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Fold ကတော့ ဇူလိုင်လကုန်အထိ ဈေးကွက်ထဲ ရောက်လာဖို့မရှိတော့ပါဘူး။


         လာမယ့် ဇူလိုင်လထဲမှာ Galaxy Fold ကို ဈေးကွက်တင် ရောင်းချသွားမယ်ဆိုတဲ့ သတင်းတွေအပေါ် Samsung ဘက်မှ တရားဝင် ငြင်းဆန်လိုက်ပါတယ်။ မကြာသေးမီက Korea Herald သတင်းမှာ Samsung စမတ်ဖုန်း စီးပွားရေး အကြီးအကဲ Koh Dong-Jin မှ Galaxy Fold ဟာ လာမယ့် ဇူလိုင် မတိုင်ခင် ဈေးကွက်ဝင်မယ်ဆိုပြီး ဖော်ပြခဲ့တာပါ။

Photo: 9to5google

         Samsung ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ မေလထဲက Galaxy Fold ထွက်ရှိမယ့် ရက်ဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း ဖြစ်မယ်လို့ကြေညာခဲ့တာပါ။ ဒီတစ်ပတ်ထဲမှာတော့ AT&T ကနေ Galaxy Fold ကြိုတင်အော်ဒါမှာသူတွေကို pre-order ပယ်ဖျက်ကြောင်း အသိပေးစာတွေ ပေးပို့ခဲ့ပါတယ်။

         BestBuy ကလည်း ပြီးခဲ့တဲ့ မေထဲမှာ Galaxy Fold အော်ဒါမှာယူမှုတွေ Cancel လုပ်ခဲ့ပါတယ်။ ဒေါ်လာ ၁၉၈၀ တန် Galaxy Fold ဟာ ဧပြီလ ၂၆ ရက်နေ့ကတည်းက ဈေးကွက်တွေမှာ ရောင်းချဖို့ပြင်ခဲ့ပေမယ့် ဈေးကွက်ထဲ မဝင်ခင် Reviewers တွေကို hand-on ပေးခဲ့တဲ့ အလုံးတွေမှာ display ပြဿနာတက်ခဲ့ပြီးနောက် ဈေးကွက်ထဲ ဝင်မယ့်ရက် ရွှေ့ဆိုင်းခဲ့ပါတယ်။

         Galaxy Fold အနေနဲ့အစောဆုံး ထွက်နိုင်မယ်ဆိုရင် သြဂုတ်လထဲမှာ ဖြစ်မယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် Galaxy Note 10 မိတ်ဆက်ချိန်နဲ့အတူတူ ( သို့မဟုတ်) နောက်ကျပြီးမှ ဈေးကွက်ထဲ ဖြန့်ချိသွားဖို့ရှိပါတယ်။

Photo: Android Authority

         Samsung လိုပဲ foldable ဖုန်းဖြစ်တဲ့ Mate X ကို မိတ်ဆက်ထားတဲ့ Huawei ဟာလည်း ဒီဖုန်းမိတ်ဆက်ဖို့ရက်ကို ရွှေ့ဆိုင်းထားတယ်လို့ဆိုပါတယ်။ Huawei Mate X ဈေးကွက်ဝင်ဖို့ကြန့်ကြာနေတဲ့ အကြောင်းထဲမှာ ဖုန်းရဲ့ Foldable Screen အရည်အသွေး အဆင့်မြှင့်ဖို့လို့ကုမ္ပဏီရဲ့ အကြီးတန်း ဒုဥက္ကဌ ဗင်းဆင့် ပန်က Wall Street Journal ကို ပြောသွားခဲ့ပါတယ်။ 


Author


က္က