software patch ထုတ်ပေးသွားမှာပါ
Nyein Min Wai

Samsung ရဲ့ ၂၀၁၉ high-end ဖုန်းနှစ်မျိုးမှာ လက်ဗွေ register သွင်းမထားတဲ့သူကနေ Lock ဖွင့်နိုင်တဲ့ ပြဿနာ ရှိထားပါတယ်။

ဗြိတိန်စုံတွဲတစ်တွဲဟာ Galaxy S10 လက်ဗွေစနစ် အလုပ်မလုပ်တဲ့ ပြဿနာကို စတင် ကြုံခဲ့တာ ဖြစ်တယ်လို့The Sun သတင်းစာက ဖော်ပြထားပါတယ်။ လီဆာနယ်ဆင်ဆိုတဲ့ အမျိုးသမီးဟာ eBay ကနေ ၂.၇ ပေါင်တန် screen protector တစ်ခု ဝယ်ပြီးနောက် ညာလက်နဲ့ပဲ လက်ဗွေစနစ် သွင်းထားတာ ဖြစ်ပေမယ့် ဘက်ဘက်လက်နဲ့လည်း ဖုန်းကို unlock လုပ်နိုင်တာ တွေ့ခဲ့တာပါ။


Photo: pocketnow

ဒီနောက်မှာ လီဆာဟာ သူမရဲ့ ယောင်္ကျားကိုလည်း စမ်းကြည့်ဖို့ပြောခဲ့ရာကနေ သူ့ယောင်္ကျားရဲ့ လက်နဲ့ပါ ဖုန်းကို လော့ခ်ဖွင့်နိုင်တယ်လို့ဆိုပါတယ်။ ဖုန်းရဲ့ Screen Protector ကိုဖယ်ပြီး ပြန်စမ်းကြည့်ရာမှာလည်း အလားတူ ဖုန်း lock ကို တစ်ခြားသူလက်ဗွေနဲ့ဖွင့်နိုင်တာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

Samsung ရဲ့ လက်ဗွေ ID စနစ်ဟာ ဖုန်း လော့ခ်ဖွင့်ဖို့အပြင် ငွေချေတာလိုမျိုး အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ပါတယ်။ Galaxy S10 နဲ့ Note 10 တို့ဟာ လက်ဗွေနည်းပညာတစ်မျိုးတည်း သုံးထားတာ ဖြစ်ပြီး ultrasonic sensor အမျိုးအစား ဖြစ်ပါတယ်။

ultrasonic လက်ဗွေစနစ်ဟာ optical တွေထက် ပိုပြီး လုံခြုံမှူ ရှိပြီး လက်ဗွေကို 3D scan ဖတ်တာကြောင့် ပိုလည်း အသေးစိတ် ဖတ်ရှူနိုင်ပါတယ်။ Qualcomm ရဲ့ ultrasonic လက်ဗွေစနစ်ကို သုံးတဲ့ ဖုန်းဆိုလို့Galaxy S10 နဲ့Note 10 တို့ပဲ ရှိတာပါ။

Samsung ကလည်း Galaxy S10 နဲ့Galaxy Note 10 တို့ရဲ့ လက်ဗွေစနစ်ကို လူတိုင်း ဝင်သုံးနိုင်တာကို သိကြောင်းနဲ့ဆော့ဖ်ဝဲလ် patch တစ်ခု ထုတ်ပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။


က္က