streaming service လာမလား
Nyein Min Wai

လာမယ့်အပတ်မှာ GDC လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ပရော်ဖက်ရှင်နယ် ဂိမ်းပြပွဲတစ်ခုကို ၅ ရက်ကြာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

         အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ မတ်လ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမယ့် Game Develpers Conference (GDC 2019) မှာ ဘယ်လိုထုတ်ကုန်တွေ မိတ်ဆက်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ Google ကနေ ဦးစီးကျင်းပသွားမယ့် GDC 2019 မှာ မိတ်ဆက်သွားဖို့ရှိတဲ့ ထုတ်ကုန်သစ်တွေနဲ့ပတ်သက်ပြီး SlashGear က အခုလို ခန့်မှန်းထားပါတယ်။

(၁) Google Streaming Gaming Service

Photo: Duwun Tech

         Google ဟာ အရင်ကတည်းက Google Project Stream ဆိုတဲ့ နာမည်နဲ့ဂိမ်းဝန်ဆောင်မှုတစ်ခုကို စမ်းသပ်ခဲ့တာပါ။ console စက်မရှိဘဲ ဂိမ်းတွေကို Chrome Browser ကနေပဲ ဆော့လို့ရမယ့် စိတ်ကူးတစ်ခုဖြစ်ပြီး 25Mbps အင်တာနက် speed ရှိမယ် ကွန်ပျူတာကောင်းတ်စလုံး ရှိမယ်ဆိုရင် ကစားနိုင်မယ့် ပလက်ဖောင်းမျိုး ဖြစ်မယ်လို့ဆိုပါတယ်။

(၂) Local Remote Game Mirroring

         Project Stream လို ပလက်ဖောင်းဖြစ်ပေမယ့် local PC အနေနဲ့ပဲ local ဆော့နိုင်မယ့်ဂိမ်းဝန်ဆောင်မှုပါ။ Google လိုပဲ Chrome browser တို့Android တို့လို local ဆော့နိုင်မှာ ဖြစ်ပါတယ်။

(၃) Wireless Gaming Controller

Photo: Slash Gear     

    ဒီထုတ်ကုန်အကြောင်း သိပ်မသိရသေးပေမယ့် ဂိမ်းကစားဖို့ ဆာဗာတွေ သုံးပြီး ဂိမ်း streaming service တစ်ခုကို သုံးမယ်လို့သတင်းထွက်နေပါတယ်။ ဒါကတော့ Xbox နဲ့PlayStation တို့ကို ယှဉ်ဖိုက်ဖို့ထုတ်လိုက်တာ ဖြစ်ဖို့ရှိပါတယ်။

(၄) Android Gaming Device

         Google အနေနဲ့Android အတွက် Gaming platform တစ်ခု လုပ်သွားမလား Android Game စက်ပဲ ထုတ်သွားမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ GDC မှာ ဂိမ်းထုတ်ကုန်သစ် တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုပြီး မြင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

(၅) Nexus Reborn

         Android စနစ်နဲ့သွားမယ့် တက်ဘလက်တစ်ခုကို streaming game တွေ ဆော့ဖို့အတွက် ထုတ်သွားဖို့ရှိပါတယ်။


Author


က္က