Ninja ကတော့ ဂိမ်မာတွေထဲမှာ အချမ်းသာဆုံးဖြစ်တော့မှာပဲ
Nyein Min Wai

     ကမ္ဘာ့နာမည်ကြီး eSport ပလေယာတစ်ဦးဟာ Apex Legends ဂိမ်းကိုု လူသိအောင် promote လုပ်ပေးရာကနေ ဒေါ်လာ ၁ သန်း ရခဲ့ပါတယ်။

         တိုင်ယာဘယ်လ်ဗင်စ်ဟာ game streaming ပလက်ဖောင်းဖြစ်တဲ့ Twitch မှာ follower ၁၃ သန်းကျော် ရှိတဲ့ ပလေယာတစ်ဦး ဖြစ်ပြီး လူမှုကွန်ရက်မှာ Ninja လို့လူသိများပါတယ်။ Ninja ဟာ ကမ္ဘာပေါ်မှာ follower အများဆုံး gamer ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်လို့Apex Legends အကြောင်း Tweet တင်ပြီး ေြက်ာငြာပေးခဲ့ပါတယ်။


         Apex Legends ဂိမ်းကို ရေးဆွဲတဲ့ Electronics Arts (EA) ရဲ့ ကိုယ်စားလှယ်နဲ့Ninja တို့ဘက်မှ ဒေါ်လာ ၁ သန်းပေးခဲ့တဲ့ အကြောင်း အတည်မပြုခဲ့ပေမယ့် နီးစပ်တဲ့ source တစ်ခုက Reuters သတင်းဌာနကို ဒီအကြောင်း အတည်ပြုခဲ့ပါတယ်။ EA ဟာ Twitch follower ၆ သန်းနီးပါး ရှိတဲ့ ပိုလန်-ကနေဒါ streamer ရှီရော့ဒ်ကိုလည်း Apex Legends ဂိမ်းကစားဖို့ပိုက်ဆံပေးခဲ့တယ်လို့သတင်းများ ထွက်ထားပါတယ်။

         အသက် ၂၇ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ Ninja ဟာ Fortnite ကစားရင်း တစ်လကို ပျမ်းမျှ ဒေါ်လာ ၅ သိန်းကျော် ဝင်တဲ့ streamer ဖြစ်ပြီး ESPN မဂ္ဂဇင်း မျက်နှာဖုံး ကာဗာမှာ ပထမဆုံး ပါဝင်လာတဲ့ ပရော်ဖက်ရှင်နယ် video gamer တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့Twitch ကို paid subscribe လုပ်ပြီး ကြည့်ရှုသူ ၁ သိန်း ၆ သောင်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

Photo: Engadget

         Apex Legends ဟာ MOBA ဂိမ်းအဖြစ် စတင် မိတ်ဆက်ပြီး တစ်လထဲနဲ့ဂိမ်းကစားသူ သန်း ၅၀ ကျော် ရှိလာတဲ့ ဂိမ်းသစ်ဖြစ်ပြီး လက်ရှိမှာ PS4 ၊ Xbox One နဲ့PC ဗားရှင်းအနေနဲ့ပဲ ထွက်ထားတာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ သုံးဦး squad ဂိမ်းပုံစံနဲ့လာပြီး Legends ၈ မျိုးမှာ ၂ မျိုးကို Apex Coins ၂၀ ပေးပြီး ဝယ်ရတာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ အောင်မြင်မှုဟာ သူနဲ့ပြိုင်ဘက် Fortnite ထက်သာပြီး Fortnite မှာ ပလေယာ ၁၀ သန်းရဖို့၂ ပတ်ကျော်ကြာပါတယ်။ ဒီဂိမ်းကို မိတ်ဆက်ပြီး ၃ ရက်အကြာ EA ရဲ့ စတော့ဈေးကွက်တန်ဖိုးဟာ ၁၆ % ပိုမြင့်လာပြီး ကုမ္ပဏီရဲ့ တန်ဖိုးကလည်း ဒေါ်လာ ၄ ဘီလျံ ရှိလာခဲ့တယ်လို့ဆိုပါတယ်။


Author


က္က