လုံခြုံရေး update တင်နေတာကြောင့်လို့ ဆိုပါတယ်။

Zoom ဟာ GIF ပလက်ဖောင်းဖြစ်တဲ့ Giphy ကို ကုမ္ပဏီရဲ့ chat feature ထဲကနေ ခေတ္တပိတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

"နည်းပညာနဲ့ လုံခြုံရေးပိုင်းထပ်ပြီး လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ဒီ feature ကို ပြန်သုံးနိုင်အောင် လုပ်ပေးမှာပါ" လို့ Zoom ရဲ့ ဘလော့ဂ်မှာ အကြောင်းကြားထားပါတယ်။ Giphy ကို ယာယီဖယ်ရှားတဲ့အကြောင်း အသေးစိတ်အချက်အလက်တွေကိုတော့ Zoom အနေနဲ့ ထုတ်ပြန်ခြင်း မရှိဘူးလို့ The Verge သတင်းက ဆိုပါတယ်။




Photo: codigoespagueti

ဒီအပြောင်းအလဲဟာ Zoom ပလက်ဖောင်းပေါ်က အသစ်ထွက်လာတဲ့ လုံခြုံရေးစနစ် update တွေထဲက တစ်ခု ဖြစ်ပါတယ်။ Zoom ဟာ screen sharing ကန့်သတ်မှု ၊ mute/unmute လုပ်ခြင်းချက် ပြောင်းလဲမှု နဲ့ အစည်းအဝေးကို ထုတ်ကုန်အများအပြားကနေ ဝင်မှု စိစစ်ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ Instagram မှာ ပေါင်းထည့်ဖို့ အစီအစဉ်နဲ့ Facebook ဟာ Giphy ကို ဒေါ်လာ သန်း ၄၀ ခန့်နဲ့ ဝယ်ပြီးနောက် အခုသတင်းထွက်လာတာ ဖြစ်ပါတယ်။

Facebook ဟာ Giphy ကို ဝယ်ပြီးနောက် developers တွေနဲ့ API partners တွေဟာ အရင်အတိုင်း Giphy ရဲ့ API နဲ့ Giphy community မှာ content တွေ ဆက်လက်ဖန်တီးနိုင်မှာ ဖြစ်သလို သုံးစွဲသူတွေအနေနဲ့လည်း GIFs တွေ ဆက်တင်နိုင်မယ်လို့ ဆိုပါတယ်။ Giphy ရဲ့ GIFs နဲ့ စတစ်ကာတွေမှာ သုံးစွဲသူခြေရာခံစနစ် ထည့်မထားသလို သူ့ရဲ့ API ကလည်း သုံးစွဲသူအချက်အလက်တွေ ရယူခြင်း မရှိဘူးလို့ ပြောကြားထားပါတယ်။

Facebook ဟာ ၂၀၁၅ ခုနှစ်ကတည်းက Giphy ကို အပိုင်ဝယ်ဖို့ ကြိုးစားခဲ့ပေမယ့် အငြင်းခံခဲ့ရတာပါ။ Giphy ကို ဝယ်ယူနိုင်ပြီးနောက် Giphy ကို တစ်ခါတည်း ထည့်သွင်းထားတဲ့ Facebook ရဲ့ ပြိုင်ဘက်ပလက်ဖောင်းတွေ ဖြစ်တဲ့ Twitter ၊ TikTok နဲ့ iMessage တို့ပါ ဂယက်ရိုက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က