Gmail app ကနေ တိုက်ရိုက် video call ခေါ်နိုင်မှာပါ

Google ဟာ ကုမ္ပဏီရဲ့ Email App ကို နည်းလမ်းပေါင်းစုံနဲ့ဆက်သွယ်နိုင်မယ့်နေရာအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေပါတယ်။

           ကုမ္ပဏီအနေနဲ့ Google user တစ်ယောက်ကနေ နောက်တစ်ယောက်ကို ခေါ်ဆိုမှုလုပ်နိုင်ဖို့ Gmail Mobile app ထဲကနေ Google Meet နဲ့ တိုက်ရိုက် ခေါ်ဆိုနိုင်အောင် ဖန်တီးနေတာပါ။ Meet app ကို ဖွင့်စရာမလိုဘဲ Gmail app ကနေ တိုက်ရိုက် Video နဲ့ Voice Call ခေါ်နိုင်မှာပါ။ ဒီလုပ်ဆောင်ချက်သစ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အီးမေးလ်ပို့စရာမလို ၊ Scheduled Meeting သတ်မှတ်စရာမလိုဘဲ အမြန်ခေါ်ဆိုမှုလုပ်နိုင်မှာ ဖြစ်ပါတယ်။



 


Photo: BGR


           အရင်က Video Call လုပ်ဖို့ဆိုရင် Google Meet App ကို သွားပြီး ခေါ်ဆိုမှုလုပ်ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က Gmail Workspace update လုပ်မယ့်အကြောင်း ကြေညာပြီးတဲ့နောက်မှာ Google အနေနဲ့ အခုလို features သစ်တွေ မိတ်ဆက်ဖို့ ပြင်လာတာပါ။Gmail App ကနေ တိုက်ရိုက် ဗွီဒီယိုခေါ်ဆိုမှုနဲ့ အသံခေါ်ဆိုမှုစနစ်ကို မကြာခင်မှာ သုံးစွဲသူတွေဆီ ဖြန့်ချိသွားမယ်လို့ BGR သတင်းက ဆိုပါတယ်။ အသစ်ထွက်လာမယ့် Gmail Workspace features သစ်တွေဟာ COVID-19 ကပ်ရောဂါနဲ့အတူ ပေါ်ပေါက်လာတဲ့ လုပ်ငန်းခွင်အခင်းအကျင်းအပြောင်းအလဲသစ်ကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

           Google ရဲ့ Workspace features သစ်အရ Gmail ဝန်ဆောင်မှုရဲ့ ဘယ်ဘက်ဘောင်မှာ Mail ၊ Chat ၊ Spaces နဲ့ Meet ဆိုပြီး main tabs ၄ ခု ပါလာမှာပါ။ Spaces tab ကို လုပ်ဖော်ကိုင်ဖက်တွေ တစ်နေရာတည်း စုပြီး ပရောဂျက်တွေ ပူးပေါင်းလုပ်ဆောင်ရတဲ့ Slack ရဲ့ Google Version လို့ ဆိုနိုင်ပါတယ်။ Spaces tab ဟာ Gmail မှာ အရေးပါဆုံး upgrade တစ်ခု ဖြစ်ပြီး တခြား Google products တွေ ဖြစ်တဲ့ Calendar ၊ Drive ၊ Docs ၊ Sheet ၊ Slides ၊ Meet နဲ့ Task တို့ကိုလည်း support ပေးသွားမှာပါ။

           Google အနေနဲ့ အိမ်ကနေ အလုပ်လုပ်ရသူတွေ နဲ့ မတူတဲ့ အချိန်ဇုန်အတွင်းမှာ ရှိနေသူတွေအပါအဝင် အတူတူ ချိတ်ဆက်လုပ်နိုင်ဖို့ အတားအဆီးဖြစ်နေတဲ့အရာတွေကို ဖြေရှင်းဖို့ နည်းလမ်းသစ် ကြံဆနေပါတယ်။ မကြာခင်မှာ Gmail ဟာ နေရာမရွေး အလုပ်ပတ်ဝန်းကျင်အနေအထားတွေအတွက် ဗဟိုဆက်သွယ်ချက်တစ်ခု ဖြစ်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က