၁၅ ရက်အထိ rollout လုပ်ရဦးမှာပါ
Nyein Min Wai

Android နဲ့iOS ထုတ်ကုန်တွေဟာ ဒီနေ့ကစပြီး Gmail ကို Dark Mode နဲ့သုံးနိုင်ပြီ ဖြစ်ပါတယ်။

Android 10 နဲ့iOS 13 စနစ် တင်ပြီးသား သုံးစွဲသူတွေအနေနဲ့Dark Mode သုံးထားတယ်ဆိုရင် Gmail မှာလည်း အလိုအလျောက် Dark Mode ပြောင်းသုံးသွားမှာ ပါ။ Pixel ဖုန်းကိုင်တဲ့သူတွေမှာဆို battery saver mode ဝင်ထားတာနဲ့Dark Mode ရမှာပါ။ တကယ်လို့Android 10 တို့iOS 13 တို့မဟုတ်ဘဲ ဒီအရင်ရှေ့က Android နဲ့iOS ဗားရှင်းတွေ သုံးနေတယ်ဆိုရင်တော့ settings ထဲ ဝင်ပြင်ရမှာ ဖြစ်ပါတယ်။

Photo: 9to5google

တကယ်လို့ကိုယ့်ဖုန်းနဲ့လက်ပ်တော့တွေမှာ Gmail Dark Mode ရမရ သိချင်တယ်ဆိုရင်တော့ Gmail ဖွင့်ပြီး အထဲက Settings ထဲကို ကြည့်လိုက်တာနဲ့Theme ဆိုတဲ့ option အသစ်တစ်ခု တွေ့မှာပါ။ ဒီထဲဝင်ပြီး Dark mode ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ အခုပြောသလိုမျိုး ဝင်ကြည့်လို့Theme လို့မတွေ့သေးရင်လည်း စိတ်ပူစရာ မလိုပါဘူး။

Google ဟာ Gmail Dark Mode ကို sever-side က ပြောင်းထားပြီး ဖြစ်တယ်လို့Android Central သတင်းက ဆိုပါတယ်။ Dark mode မရသေးတဲ့ Android နဲ့iOS ထုတ်ကုန်တွေအတွက် လာမယ့် ၁၅ ရက်နဲ့နောက်ပိုင်းအထိ ဆက်လက်ဖြန့်ချိပေးသွားဦးမှာ ဖြစ်လို့ဒီ feature မရသေးရင် ခဏစောင့်ရမှာ ဖြစ်ပါတယ်။ iPhone သုံးသူတွေမှာဆို iOS 11 နဲ့iOS 12 တို့မှာ Dark Theme ကို Settings ထဲကနေ ဝင်ပြီး ပြောင်းလို့ရပါတယ်။

iOS 13 တင်ထားတယ်ဆိုရင်တော့ Gmail ထဲက Settings ထဲ ဝင်ပြင်လို့ရသလို ဖုန်းကို Dark Mode ထားထားရင်လည်း အလိုလို Dark Theme ဝင်ပြီး ဖြစ်မှာပါ။


က္က