desktop နဲ့mobile ဗားရှင်းနှစ်မျိုးစလုံးမှာ သုံးနိုင်မှာပါ

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ Google ဟာ Gmail အတွက် Confidential Mode မိတ်ဆက်ခဲ့ပါတယ်။


         Gmail ရဲ့ ဒီ update သစ်မှာ ကိုယ်ဖျက်ချင်တဲ့ မက်ဆေ့တစ်စောင်ကို အချိန်ကာလတစ်ခု သတ်မှတ်ပြီး သူ့အလိုလို ဖျက်ဆီးနိုင်မယ့် Confidential mode တစ်ခု ပါလာဖို့ရှိပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ပို့လိုက်တဲ့ အကြောင်းအရာတွေကို မိတ္တူပွားတာ ၊ တစ်ခြားသူတွေဆီ ပို့တာနဲ့ဒေါင်းလုပ်ဆွဲ သိမ်းတာကနေ ကာကွယ်ဖို့ပါ။



         confidential mode ကို လာမယ့် ဇူလိုင် ၂၅ ရက်နေ့ကစပြီး Gmail သုံးတဲ့ G Suite users တွေလည်း default အနေနဲ့သုံးနိုင်တော့မယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ ဒီ features ဟာ အလိုအလျောက် လျှို့ဝှက်စာပို့စနစ်ကို ပြောင်းပေးသွားမှာ ဖြစ်ပြီး မသုံးချင်ရင် ပိတ်ထားလို့လည်း ရမှာပါ။ စီးပွားရေးသမားတွေအတွက် ကုမ္ပဏီအတွင်းက အရေးကြီးတဲ့ အချက်အလက် အထောက်အထားတွေ မပေါက်ကြားရစေမယ့် mode တစ်ခု ဖြစ်လို့ဒီ featureကို ဘယ်လို သုံးမလဲ သိထားသင့်ပါတယ်။

         Gmail မှာ Confidential Mode သုံးမယ်ဆိုရင် စာတစ်ခါပို့တိုင်း confidential mode ကို ဖွင့်ထားဖို့လိုပါတယ်။ ပထမဆုံး အနေနဲ့မက်ဆေ့သစ်တစ်ခုကို ရေးပြီး Send button ရဲ့ ညာဘက် အစွန်ဆုံးနားက နာရီ icon လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် Confidential Mode နဲ့အတူ ဘယ်အချိန်မှာ ဒီမက်ဆေ့ကို ပျက်သွားစေချင်သလဲဆိုတာကို ရွေးလို့ရမယ့် option တစ်ခု pop-up တက်လာပါလိမ့်မယ်။ တကယ်လို့security ကို ထပ်မြှင့်ချင်တယ်ဆိုရင် passcode ခံပေးလို့လည်း ရပါတယ်။

         passcode ကိုတော့ Google ကနေ ဖုန်းနံပါတ်တွေဆီ ပို့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီမက်ဆေ့ကို တစ်ဘက်လူကနေ ကြည့်ချိန်မှာ Confidential Mode နဲ့ပို့တာမှန်း သိနိုင်စေဖို့"This Message Was Sent in Confidential Mode" ဆိုတဲ့ စာသား ပါလာမှာပါ။ တစ်ဘက်လူက ဖက်ချိန်မှာလည်း အောက်မှာ ဒီစာကို Confidential Mode နဲ့ပို့လိုက်ကြောင်း ပြနေမှာ ဖြစ်ပါတယ်။ ဒါကတော့ Browser မှာ မြင်ရမယ့် အမြင်ဖြစ်ပြီး မိုဘိုင်းဗားရှင်းမှာတော့ နည်းနည်းလည်း မတူတာ ရှိပါတယ်။

Photo: theandroidsoul

         iOS နဲ့Android မိုဘိုင်းလ်ဗားရှင်းတွေမှာ စာပို့ဖို့အရင်ဆုံး message Compose လုပ်ပြီးချိန်မှာ ညဘက်အပေါ်ထောင့်က ထောင်လိုက် အစက် ၃ စက်ကို ဝင်ချိန်မှာ Confidential Mode ကို တွေ့မှာ ဖြစ်ပြီး ဒီ mode ထဲ ဝင်ချိန်မှာ browser မှာလိုပဲ ဘယ်အချိန်အထိ တစ်ဘက်လူကို မြင်ခွင့်ပေးမလဲ နဲ့passcode ခံမလားတို့ပေါ်လာမှာ ဖြစ်ပါတယ်။ passcode ထည့်မယ်ဆိုရင်တော့ ဖုန်းနံပါတ်ထည့်ပေးရမှာပါ။ ဖုန်း SMS ကနေ passcode မပိုု့ချင်သူတွေနဲ့standard အနေနဲ့ထားလို့ရမှာ ဖြစ်ပါတယ်။

         Confidential mode မှာ timer ပေးပြီး ကာလသတ်မှတ်ရာမှာလည်း တစ်ပတ်ကနေ ၅ နှစ်အထိ ဖြစ်စေ အချိန် သတ်မှတ်ပေးနိုင်မှာပါ။ 



က္က