နှစ်နှစ်အတွင်း သုံးမရရင် ပြန်အမ်းမှာပါ

ဖိလစ်ပိုင်ဈေးကွက်ထဲ ရောင်းချသွားမယ့် Huawei ဖုန်းနဲ့တက်ဘလက်တွေမှာ Google နဲ့Facebook apps တွေ သုံးမရတာမျိုး ဖြစ်လာခဲ့မယ်ဆိုရင် ကျသင့်တန်ဖိုးအတိုင်း ငွေပြန်အမ်းသွားမယ်လို့Huawei ဘက်မှ ထုတ်ပြန်ထားပါတယ်။

         ငွေအပြည့်ပြန်ပေးသွားမယ့် ဒီအစီအစဉ်ဟာ ဖိလစ်ပိုင်နိုင်ငံမှ နှစ်နှစ်အတွင်း Google နဲ့Facebook app တွေ သုံးမရတဲ့ Huawei ဖုန်းဝယ်သူတွေအတွက် ဖြစ်တယ်လို့ဖိလစ်ပိုင် သတင်းဌာန Revu က ဖော်ပြထားပါတယ်။ ဒီအစီအစဉ်မှာ လက်လီနဲ့လက်ကားအရောင်းကုမ္ပဏီပေါင်း ၃၀ ကျော်နဲ့လည်း ချိတ်ဆက်ထားတယ်လို့ဆိုပါတယ်။



Photo: SCMP

         သတင်းမှာတော့ ဖိလစ်ပိုင် ဈေးကွက်ထဲ ရောက်နေတဲ့ Huawei ထုတ် ဖုန်းတွေမှာ Google ရဲ့ Gmail ၊ YouTube ၊ Facebook ၊ Instagram နဲ့WhatsApp တို့သုံးမရတော့ပါက Refund ပြန်ပေးသွားမယ်လို့ဖော်ပြထားပါတယ်။ Huawei အနေနဲ့ဒီ Refund အစီအစဉ်ကို တစ်ခြား ဈေးကွက်တွေမှာ လုပ်ဆောင်မယ် မလုပ်ဆောင်ဘူးဆိုတဲ့ အချက်ကို ပြောမသွားပါဘူး။

         ဇွန်လ ၇ ရက်နေ့က Reuters သတင်းမှာ Facebook ကုမ္ပဏီမှ သူ့ရဲ့ ဝန်ဆောင်မှုတွေကို အသစ်ထွက်လာမယ့် Huawei ဖုန်းတွေမှာ pre-install သွင်းမှု ရပ်တော့မယ်လို့ဖော်ပြခဲ့ပါတယ်။ Facebook ရဲ့ ဝန်ဆောင်မှုတွေလည်း လက်ရှိ Huawei ဖုန်းတွေမှာ သုံးနိုင်တယ်ဆိုပေမယ့် နောက်အသစ်ထွက်လာမယ့် Huawei ဖုန်းတွေမှာ Facebook ၊ WhatsApp နဲ့Instagram apps တွေ သွင်းပြီးသား ပါလာမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

Photo: NY Times

         Huawei ဟာ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ပင်မှုခံရပြီး အမေရိကန်ကုန်သွယ်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ အမေရိကန်ကုမ္ပဏီများဆီမှ ဝန်ဆောင်မှုနဲ့ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူခွင့် ကန့်သတ်ခံထားရပါတယ်။ Huawei ဟာ Google နဲ့Microsoft တို့ရဲ့ OS စနစ်ကို စမတ်ဖုန်း ၊ တက်ဘလက်နဲ့လက်ပ်တော့တွေမှာ သုံးနေတာ ဖြစ်ပါတယ်။

         ကမ္ဘာ့ဒုတိယအကြီး စမတ်ဖုန်းကုမ္ပဏီ Huawei အနေနဲ့အမေရိကန်အစိုးရရဲ့ ကန့်သတ်မှုနဲ့ကြုံပြီးနောက် နိုင်ငံတကာဈေးကွက်မှာ စမတ်ဖုန်းရောင်းချမှု ၄၀% ခန့်လျှော့ချသွားရဖို့ရှိတယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က