အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ဝန်ထမ်းခေါ်ယူနိုင်မယ့် Google Hire ကို လာမယ့်နှစ် စက်တင်ဘာ ၁ ရက်နေ့မှာဆိုရင် ဖျက်သိမ်းတော့မှာပါ။။
G Suite tool တစ်ခု ဖြစ်တဲ့ Google Hire ဟာ Gmail နဲ့Google Calendar တို့လို G Suit app တွေနဲ့ချိတ်ဆက်ထားတဲ့ app တစ်ခု ဖြစ်ပြီး ဒီဝန်ဆောင်မှုကို ၂၀၁၇ ဇူလိုင်လထဲမှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ သက်တမ်း ၂ နှစ်ကျော်ပဲ ရှိသေးတဲ့ Google Hire ဟာ ၂၀၁၅ ခုနှစ်က VMWare တည်ထောင်သူ ဒိုင်ယာနီဂရင်းနီးဆီက ဒေါ်လာ သန်း ၃၈၀ နဲ့Bebop ဆိုတဲ့ ကုမ္ပဏီကို ဝယ်ပြီးနောက် ဖြစ်လာတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။
Photo: The Next Web
Google Hire ဟာ အသေးစားနဲ့အလတ်စား စီးပွားရေးတွေအတွက် တည်ထောင်ထားတာ ဖြစ်ပြီး G Suites လိုင်စင်အနည်းအများပေါ် လိုက်ပြီး တစ်လကို ဒေါ်လာ ၂၀၀ ကနေ ၄၀၀ ကြားဈေးနဲ့ဝန်ဆောင်မှု ပေးနေတာ ဖြစ်တယ်လို့Tech Crunch သတင်းက ဆိုပါတယ်။ ဖောက်သည်တွေဆီကို ပို့တဲ့ အီးမေးလ်မှာတော့ Hire ဝန်ဆောင်မှုဟာ အောင်မြင်မှု ရရှိထားပေမယ့် Google Cloud portfolio ထဲက တစ်ခြားထုတ်ကုန်တွေမှာ လူအင်အားနဲ့အာရုံစိုက်ဖို့ အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
Photo: writersevoke
Hire မှာ features သစ်တွေ ထည့်သွင်းတော့မှာ မဟုတ်ပေမယ့် နောက်ဆုံးနေ့အထိ ဝန်ဆောင်မှုတွေ ပေးနေမှာ ဖြစ်ပြီး ငွေသွင်းပြီးသူတွေအတွက် Hire အသုံးပြုခ ထပ်ကောက်တော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Hire by Google ဝန်ဆောင်မှုဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း Google ကနေ ရပ်တန့်ခဲ့တဲ့ ဝန်ဆောင်မှု ၁၇၅ ခုထဲက တစ်ခု ဖြစ်ပါတယ်။
Google ဟာ ၂၀၁၇ ခုနှစ်ထဲမှာ Google For Jobs ဆိုပြီး အလုပ်ရှာဖွေရေး ဝန်ဆောင်မှုတစ်ခုလည်း စတင်ခဲ့ပါတယ်။ Hire ကတော့ လူမှုကွန်ရက်ဝန်ဆောင်မှု ဖြစ်တဲ့ Google+ ၊ Allo စာပို့ဝန်ဆောင်မှုတို့လိုမျိုး ပျောက်ကွယ်တော့မှာပါ။