နှစ်တိုင်းနှစ်တိုင်း ကျင်းပနေကျ Google ရဲ့ I/O Developer Conference ကတော့ မေလ ၇ ရက်ကနေ ၉ ရက်အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
ဖွင့်ပွဲနေ့မှာ Google ဟာ ထုတ်ကုန်သစ် ၂ မျိုးနဲ့အတူ updates သစ်တစ်ချို့ကို ကြေညာခဲ့ပါတယ်။ ဒီထဲကမှ အရေးကြီးတဲ့ မိတ်ဆက်မှုတစ်ချို့ထွက်ပေါ်လာခဲ့ပါတယ်။
(၁) တန်ဖိုးသင့် Pixel ဖုန်းသစ်များ
Photo: Inverse
premium lineup ပဲ ထုတ်နေတဲ့ Google ဟာ စမတ်ဖုန်းဈေးကွက် ဝယ်လိုအားကျဆင်းနေတဲ့ အဖြစ်ကို ကြုံတွေ့နေပါတယ်။ ဒါကြောင့်ပဲ mid-range ဈေးကွကို ထိုးဖောက်မယ့် Pixel 3a နဲ့Pixel 3a XL တို့ပေါ်ထွက်လာတာပါ။ ၃၉၉ ဒေါ်လာဈေးကနေ စတင်ဝယ်ယူနိုင်မယ့် Pixel ဖုန်းသစ်တွေဟာ Pixel 3 မှာ သုံးသွားတဲ့ အဆင့်မြင့် ကင်မရာ features တွေ ပါလာပါတယ်။
ပလတ်စတစ်ကိုယ်ထည်နဲ့လာပြီး Snapdragon 670 processor သုံးထားတဲ့ ဒီဖုန်းတွေဟာ ကျဆင်းနေတဲ့ Google Pixel ဖုန်းဈေးကွက်ကို ပြန်တက်စေမလား။
(၂) Nest Hub Max
Photo: Saudi Gazette
အရင် Google Home Hub ထက် မျက်နှာပြင်ပိုကြီးလာတဲ့ ၁၀ လက်မအရွယ် Nest Hub Max ဟာ စမတ်အိမ်သုံး စောင့်ကြည့်ရေးထုတ်ကုန်ဖြစ်ပြီး လုံခြုံရေးကင်မရာ ၊ စမတ် display နဲ့loudspeakers တွေ ပါတဲ့ ဖုန်းဖြစ်ပြီး ၂၂၉ ဒေါ်လာ ဈေးနဲ့ရော်ငးချသွားမှာပါ။
Google Assistant အသံထိန်းချုပ်မှု စနစ်နဲ့လာတဲ့ ဒီထုတ်ကုန်ကို ပြင်သစ် ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ဂျာမဏီ ၊ အိန္ဒိယ ၊ အီတလီ ၊ ဂျပန် ၊ နယ်သာလန် ၊ နော်ဝေး ၊ စကာၤ့ပူ ၊ စပိန်နဲ့ဆွီဒင် ဈေးကွက်တို့မှာ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။
(၃) Android Q Beta 3
Photo: tomsguide
Dark Theme ပါတဲ့ Andoid Q Beta ကတော့ Sony, OnePlus, Nokia, LG, Asus, Vivo နဲ့Xiaomi တို့လို Google Phones မဟုတ်တဲ့ ဖုန်းအမျိုးအစား ၁၅ မျိုးဆီ ရောက်လာတော့မှာပါ။ Android Q beta မှာတော့ Dark Theme ကို on/off လုပ်လိ့မရသေးပါဘူး။
Android Q မှာ နောက်ပါလာမယ့် feautre က Live Caption လို့ခေါ်တဲ့ ဗွီဒီယိုတွေကို အလိုအလျောက် အသံကနေ စာသားပြောင်းပေးမယ့် feaure ဖြစ်ပါတယ်။ Google ရဲ့ Smart Reply သစ်ကလည်း ပိုကောင်းလာပြီး တစ်ယောက်ယောက်က လိပ်စာတစ်ခု မက်ဆေ့ပို့လိုက်မယ်ဆိုရင် Google ဟာ Maps ခလုတ်နဲ့အဲဒီလိပ်စာတည်နေရာကို ညွှန်ပြနေမှာပါ။
(၄) ပိုမိုမြန်ဆန်တိကျလာတဲ့ Google Assistant
Google I/O မှာ Google Assistant ဟာ ၁၀ ဆ ပိုမြန်လာမယ်လို့ကြေညာသွားပြီး ပွဲမှာ သရုပ်ပြသွားတဲ့ Demo အရ Google Assistant ဟာ လူရဲ့ command ကို မြန်မြန်ဆန်ဆန် အဆင်ပြေပြေ ဖြေကြားလုပ်ဆောင်ပေးသွားတာ တွေ့ရပါတယ်။ Google Assistant ရဲ့ အသံကလည်း ပိုပြီး သဘာဝဆန်လာပါတယ်။ Google ရဲ့ နောက်မျိုးဆက် Assistant ဟာ ဒီနှစ်ကုန်ပိုင်းမှာ Pixel ဖုန်းသစ်တွေဆီ ရောက်လာတော့မှာပါ။
(၅) Privacy Tools သစ်များ
Photo: The Globe and Mail
Google ဟာ အင်တာနက်ပေါ်က ကိုယ့်ရဲ့ browsing data တွေကို အလိုအလျောက် ပြန်ဖျက်ပေးမယ့် AutoDelete စနစ် သုံးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒီ feature မှာ သုံးစွဲသူအနေနဲ့ ကိုယ့်ရဲ့ browsing data ကို ၃ လကနေ ၁၈ လအကြား စိတ်ကြိုက် သတ်မှတ်ပြီး ပယ်ဖျက်နိုင်မှာပါ။
Privacy tools အနေနဲ့Google အကောင့်ထဲကို one-tap access အနေနဲ့ဝင်နိုင်မယ့် စနစ်ဟာ Chrome ၊ Search နဲ့Maps တို့လို ဝန်ဆောင်မှုတွေမှာ ရောက်လာတော့မယ်လို့ဆိုပါတယ်။ Google ဟာ Android စနစ် သုံးစွဲသူတွေအတွက် Two-factor authentication တစ်ခုလည်း ဖြန့်ချိသွားမှာပါ။