COVID-19 ‌ကူးစက်မှု ‌လျှော့ချဖို့ပါ

ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်ချက်ကြောင့် နှစ်စဉ်ကျင်းပနေကျ Google Developer Conference ပွဲကို ဒီနှစ်မှာ ဖျက်သိမ်းသွားမယ်လို့ Google က ကြေညာပါတယ်။


Google I/O Developer Conference 2020 ဟာ မေလ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မှာ ရှိတဲ့ Shoreline Amphitheatre မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ Google ဟာ ယခုလဆန်းပိုင်းကတည်းက I/O Developer ပွဲ အစီအစဉ်အပြောင်းအလဲအကြောင်းကို ကြေညာခဲ့တာပါ။



Photo: Tech Crunch


“ကျွန်တော်တို့ရဲ့ Developers များ ၊ ဝန်ထမ်းများနဲ့ လာမယ့်လူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက်ရော ဒေသတွင်း Bay Area ကောင်တီက အိမ်ထဲမှာ နေဖို့ အမိန့်ကြေညာချက်တွေကြောင့်ပါ ဒီနှစ်ထဲမှာ ဘယ်နည်းနဲ့မှ I/O ပွဲ ကျင်းပဖြစ်မှာ မဟုတ်တော့ပါဘူး” လို့ Google ရဲ့ Tweet မှာ ရေးထားပါတယ်။

Google ဟာ I/O Developer ပွဲအပြင် Google Cloud Next ကွန်ဖရင့်ပွဲလည်း ဖျက်သိမ်းခဲ့ပါတယ်။ အခုလို ပွဲဖျက်လိုက်ရတာဟာ Google အတွက် အတော်လေး အထိနာမှု ရှိပါတယ်။

Google Developer ပွဲတွေဟာ ကုမ္ပဏီရဲ့ features သစ်တွေ ၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုသစ်တွေကို developers များ ၊ ဖောက်သည်များ ၊ မိတ်ဘက်လုပ်ငန်းများနဲ့ တစ်ခြား စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းများကို မိတ်ဆက်ပေးတာပါ။

ဒီနှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်မှု ကမောက်ကမဖြစ်ခဲ့ပြီး အထင်ကရနည်းပညာပွဲကြီးတစ်ချို့လည်း ဖျက်သိမ်း/ဆိုင်းငံ့ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က