iOS နဲ့Android နှစ်မျိုးစလုံးအတွက် ထုတ်ထားတာပါ

ပြီးခဲ့တဲ့ နှစ်က နယူးယော့ခ်မှာ စမ်းသပ်ခဲ့တဲ့ Google Maps ရဲ့ bike sharing နေရာပြ feature ဟာ အခုဆို မြို့ပေါင်း ၂၄ မြို့မှာ စတင် အသုံးပြုနိုင်တော့မှာပါ။

Google Maps မှာ ပါလာတဲ့ ဒီ feature ကြောင့် ဘယ်နားမှာ စက်ဘီးငှားလို့ရမယ့် နေရာ ရှိသလဲဆိုတာကို ကြည့်နိုင်မယ့်အပြင် ငှားလို့ရမယ့် စက်ဘီးအရေအတွက် နဲ့စက်ဘီးထားဖို့အတွက် နေရာလွတ် ရှိမရှိဆိုတာပါ ကြည့်နိုင်တော့မယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။



Photo: PhoneDog

Bike-Sharing အချက်အလက် ကြည့်လို့ရမယ့် Google Maps ဝန်ဆောင်မှူကို ဘာစီလိုနာ ၊ ဘာလင် ၊ ဘရပ်ဆဲလ် ၊ ဘူဒါပတ်စ် ၊ ချီကာဂို ၊ ဒပ်ဘလင် ၊ ဟမ်းဘတ် ၊ ဟယ်ဆင်ကီ ၊ ကူအိုဆင်း ၊ လန်ဒန် ၊ လော့စ်အိန်ဂျလိစ် ၊ လိုင်ယွန် ၊ မက်ဒရစ် ၊ မက္ကဆီကို စီးတီး ၊ မွန်ထရီရယ် ၊ တိုင်ပေ ၊ နယူးယော့ခ် ၊ ရီယိုဒီဂျနေယိုး ၊ ဆန်ဖရန်စစ္စကို ၊ ဆာပေါ်လို ၊ တိုရန်တို ၊ ဗီယင်နာ ၊ ဝါဆောနဲ့ဇူးရစ်ချ်တို့မှာ သုံးနိုင်တော့မှာပါ။

စက်ဘီးငှားလို့ရမယ့် ဆိုင်တည်နေရာနဲ့အချက်အလက်တွေကိုတော့ ခရီးသွားလာရေး အချက်အလက် ကုမ္ဗဏီဖြစ်တဲ့ Ito World ကနေ ရယူထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ ယခု feature ဟာ အရင် ဘတ်စ်နဲ့ရထားလမ်းကြောင်းပြ စနစ်ထဲမှာ ပါဝင်လာမှာ ဖြစ်ပြီး လျှပ်စစ်ကား အားသွင်းရုံများ တည်ရှိတဲ့ နေရာကိုပါ ပြသသွားတော့မှာပါ။

Google Maps ရဲ့ စက်ဘီးအငှားရှာလို့ရမယ့် ဝန်ဆောင်မှူကို နောက်ထပ် မြို့တွေမှာလည်း အသုံးပြုနိုင်အောင် ဖြန့်ချိသွားမှာ ဖြစ်ပြီး iOS နဲ့အန်းဒရိုက် စနစ် ၂ မျိုးစလုံးမှာ သုံးနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က