နေ့စဉ်သုံးစွဲသူ သန်း ၁၀၀ ကျော်် ရှိပါတယ်

 Teleconferencing ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Google Meet ဝန်‌ဆောင်မှု သုံးစွဲသူ မြင့်တက်လာနေတယ်လို့ ကုမ္ပဏီရဲ့ CEO ဆွန်ဒါပီချိုင်းက ဆိုပါတယ်။

Google ရဲ့ ပထမ သုံးလပတ် ဝင်ငွေရလဒ်ကြေညာမှုမှာ Google ရဲ့ Meet teleconferencing ဝန်ဆောင်မှုကို သုံးစွဲသူဦးရေဟာ နေ့စဉ် ၃ သန်းခန့် တိုးလာနေတယ်လို့ ပီချိုင်းက ပြောခဲ့တာပါ။ ဧပြီလ ၉ ရက်နေ့က အထိ Google ရဲ့ ဒီဝန်ဆောင်မှုကို သုံးစွဲသူဦးရေဟာ နေ့စဉ် ၂ သန်းကျော် တိုးလာနေတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။



Photo: Business Insider

Meet ဝန်ဆောင်မှု သုံးစွဲသူမြင့်တက်လာတဲ့ အဓိက အချက်တစ်ခုက COVID-19 ကပ်ဘေးကြောင့် လူအများ အိမ်ထဲမှာပဲ နေရချိန်မှာ ကျောင်းနဲ့ လုပ်ငန်းခွင်တွေဟာ သင်တန်းနဲ့ အစည်းအဝေးတွေကို အွန်လိုင်းကနေပဲ ကျင်းပလာတာကြောင့် ဖြစ်ဖို့ ရှိတယ်လို့ The Verge သတင်းက ဆိုပါတယ်။ နေ့စဉ် Meet အစည်းအဝေးတွေမှာ တက်ရောက်သူဦးရေဟာ သန်း ၁၀၀ ကျော် ရှိထားပါတယ်။

"ပြီးခဲ့တဲ့ အပတ်မှာ ကျွန်တော်တို့ဟာ ထူးခြားတဲ့ မှတ်တိုင်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်နေ့ကို သုံးစွဲသူသစ် ၃ သန်းခန့် ထပ်ရောက်လာတာ ဖြစ်ပြီး ဇန်နဝါရီလကစလို့ ဝန်ဆောင်မှုသုံးစွဲသူဦးရေ သုံးဆတက်လာ ဖြစ်ပါတယ်။" လို့ ကုမ္ပဏီရဲ့ သုံးလပတ် ဝင်ငွေရှင်းတင်းပွဲမှာ ပီချိုင်းက ပြောပါတယ်။

Meet ဟာ Google ရဲ့ G Suit app တွေထဲက တစ်ခု ဖြစ်ပြီး ဒီဝန်ဆောင်မှု သုံးစွဲသူ မြင့်တက်လာစေဖို့ မတ်လ ၃ ရက်နေ့မှာ Meet ရဲ့ အဆင့်မြင့် features တစ်ချို့ကို အခမဲ့ ဖြန့်ချိခဲ့ပါတယ်။ ဒီ features တွေ အခမဲ့ ရယူနိုင်မယ့် ကာလကို ဧပြီ ၃၀ ရက်နေ့အထိ တိုးထားတယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ 


Photo: CNET

Google အနေနဲ့ ပြိုင်ဘက် ရုပ်သံဆက်သွယ်ရေးပလက်ဖောင်းတွေ ဖြစ်တဲ့ Zoom နဲ့ Microsoft Team တို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ Meet မှာ Gallery View နဲ့ နောက်ခံဆူညံသံစစ်ထုတ်ပေးတဲ့ features သစ်တွေ ထပ်ဖြည့်ထားပါတယ်။ Google Meet ဟာ နေ့စဉ်သုံးသူ ဦးရေမှာ သန်း ၃၀၀ ကျော် ရှိတဲ့ Zoom ကို မမီပါဘူး။

၂၀၂၀ ပထမသုံးလပတ် ဝင်ငွေအနေနဲ့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ဒေါ်လာ ၄၁.၂ ဘီလျံ ဝင်ခဲ့ပြီး ဒေါ်လာ ၆.၈ ဘီလျံ မြတ်ခဲ့ပါတယ်။ G Suit ပါဝင်တဲ့ Google Cloud Computing Division ဟာ ဒေါ်လာ ၂.၈ ဘီလျံ ဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၉ ပထမ ၃ လပတ်ထက် ၅၅% မြင့်တက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က