ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဟာ Google စမတ်ဖုန်းစီးပွားရေးအတွက် အားရစရာနှစ်တစ်နှစ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကင်မရာဖုန်းတွေအဖြစ် နာမည်ကြီးတဲ့ Google Pixel စီးရီးတင်ပို့မှုဟာ ၂၀၁၉ ခုနှစ်အတွင်း အလုံးရေ ၇.၂ သန်းအထိ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်နဲ့ စာရင် ၅၂% ပိုမြင့်တက်လာတယ်လို့ IDC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်ဟာ Google အတွက် စမတ်ဖုန်း‌‌ရောင်းအားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။




ပိုပြီး အံ့ဩဖို့ကောင်းတဲ့တစ်ချက်က ၂၀၁၉ ခုနှစ်အတွင်း Google Pixel ဖုန်းတွေရဲ့ ‌ရောင်းအားဟာ OnePlus ကို ကျော်ခဲ့တယ်လို့ IDC ဥ‌‌ရောပထုတ်ကုန်များ တွဲဖက်ဒုဥက္ကဌ ဖရန်စစ္စကိုဂျီရော်နီမိုက Tweet မှာ ‌ရေးထားပါတယ်။ အချက်အလက်ကိုတော့ ပြီးခဲ့တဲ့ လမှာ update လုပ်ထားတဲ့ IDC ရဲ့ သုံးလပတ် မိုဘိုင်းဖုန်း Tracker ဆီက ယူထားတာပါ။

Google နဲ့ OnePlus အကြား စမတ်ဖုန်းရောင်းအား ကွာဟတဲ့ ပမာဏကိုတော့ မစ္စတာ ဂျီရော်နီမိုက ပြောသွားခြင်း မရှိပါဘူး။ တစ်ခုရှိတာက Google ဟာ ရောင်းအားအကောင်းဆုံး ထိပ်တန်းစမတ်ဖုန်း ၁၀ မျိုးမှာ ပါဖို့ လိုသေးတယ်လို့ ဆိုပါတယ်။ OnePlus ဟာ အိန္ဒိယရဲ့ထိပ်တန်း ပရီမီယံစမတ်ဖုန်းအမှတ်တံဆိပ်ထဲက တစ်ခု ဖြစ်လို့ Pixel ဖုန်းတွေလောက် ‌ရောင်းအားမကောင်းဘူးဆိုတဲ့ အချက်ဟာ ထူးဆန်းနေပါတယ်။

CounterPoint Research ရဲ့ အချက်အလက်တွေအရ OnePlus ဟာ ပြီးခဲ့တဲ့နှစ်က အိန္ဒိယဈေးကွက်အတွင်း စမတ်ဖုန်း ၂ သန်းကျော် ‌‌‌ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ ဂျီ‌‌‌ရော်နီမို‌ကတော့ Google ဟာ အမေ‌ရိကန် ၊ အနောက် ဥ‌‌ရောပ နဲ့ ဂျပန်တို့မှာ ‌ရောင်းအားကောင်းခဲ့ပြီး နှစ်အလိုက် ‌ရောင်းအား ၅၂% မြင့်တက်လာခဲ့တယ်လို့ ထောက်ပြထားပါတယ်။


Photo: Stuff

Pixel 4 စီးရီးဟာ ၆ လအတွင်း အလုံး‌‌ရေ ၂ သန်းကျော်ပဲ ‌‌ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။Google နောက်ဆုံးထွက်စမတ်ဖုန်းတွေ ဖြစ်တဲ့ Pixel 3a နဲ့ Pixel 4 တို့ဟာ ပထမသုံးလပတ်နှစ်ပတ်‌‌ရောင်းအားမှာ Pixel 3 လောက် မ‌ရှိခဲ့ပေမယ့် Pixel 3 ဒုတိယသုံးလပတ်ရောင်းအားဟာ ၂၀၁၉ ပထမသုံးလပတ်ဖြစ်ခဲ့ပြီး Pixel 3a ပထမသုံးလပတ်နှစ်ခု ‌‌နဲ့ Pixel 4 ပထမသုံးလပတ်ရောင်းအားဟာ ၂၀၁၉ ထဲမှာ အကျုံးဝင်ခဲ့တာ ဖြစ်ပါတယ်။ Google ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဈေးကွက် ၃ နေ‌ရာကို တိုးချဲ့လာတာလည်း ပါဝင်ပါတယ်။ 

OnePlus ‌ရဲ့ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့စမတ်ဖုန်း‌ရောင်းအား မသိ‌ရပေမယ့် မိခင်ကုမ္ပဏီ BBK Electronics အောက်မှ OPPO ကတော့ ကမ္ဘာ့ပဉ္စမအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ‌ရပ်တည်နေပြီး စမတ်ဖုန်း‌ရောင်းအားဟာ တစ်နှစ်ကို အလုံး‌ရေ ၁၁၄ သန်းကျော် ‌ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က